Tuesday, November 5, 2013

ကော်ဖီတစ်ထုပ်၏ ရာဇဝင်


ကော်ဖီတစ်ထုပ်၏ ရာဇဝင်

April 22, 2013 at 10:45pm

  အရှင်ဇောတိက(သီဟိုဠ်)
                                         11.7.2012

                               ကော်ဖီတစ်ထုပ်၏ ရာဇဝင်

                 ဒီနေ့ သူငယ်ချင်းတစ်ယောက် ကျောင်းကို အလည်လာတယ်။ အစကတည်းက ကိုယ်ကော်ဖီ ကြိုက်တာသိလို့ ကော်ဖီထုပ်ကလေးပါ ဆွဲလာတယ်။ သူ့ကော်ဖီထုပ်ပေးပြီး ပြောလိုက်တဲ့ စကားတွေကြောင့် ကော်ဖီသောက်ချင်စိတ်တောင် ပြောက်သွားတယ်။

သောက်ဗျ
ဒီကော်ဖီနယ်နယ်ရရ ကော်ဖီမဟုတ်ဘူး.... ဆိုပြီး ။
ကော်ဖီကို အိပ်ထဲကထုတ်ပြီး ပေးလိုက်တယ်။ ကြည့်လိုက်တော့ ကော်ဖီတံဆိပ်က old town  တဲ့၊ ဒီကော်ဖီကို မြင်တာနဲ့ မလေးကဆိုတာ သိလိုက်တယ်။ ဒီတော့ ကြားထားတာနဲ့ တစ်ခြားဆီဖြစ်နေတယ်လေ။ လူကြုံလာမှာက မြန်မာပြည်က ကော်ဖီက မလေးရှာကဆိုတော့ သူငယ်ချင်ကိုပဲ ကော်ဖီ ရာဇဝင်ကို မေးရတော့တယ်။ သူကလည်း မမေးခင်ကတည်းက ပြောချင်နေသူဆိုတော့ အစအဆုံးပြောပြတယ်။

                 အိန္ဒိယမှာ ကျောင်းတက်နေတဲ့ သူ့သူငယ်ချင်းက သူ့ရဲ့ ရဟန်းဒကာမ မြန်မာပြည်ကနေ သီဟိုဠ် (သီရိလင်္ကာ)ကို ဘုရားဖူးလာလို့ သီဟိုဠ်က သူငယ်ချင်းအတွက် ကော်ဖီယူသွားဦးဆိုလို့ ရဟန်းဒကာမကြီး ယူလာပြီး လှူတာ ဆိုတော့ ကျွန်ုပ်ကလည်း  "  ဒကာမကြီးက မြန်မာပြည်ကလားပြီး ဘာလို့မြန်မာကော်ဖီ ယူမလာပဲ မလေးရှာ ကော်ဖီကို ယူလာရတာလဲ " လို့ မေးလိုက်တော့။ သူငယ်ချင်းဖြစ်သူက ဒကာမကြီး ကော်ဖီလှူတုန်က တစ်ခါတည်းလျှောက်သွားတယ်။ ဒီကော်ဖီက သူ့သမီး မလေးကပို့လိုက်တာတဲ့ အဲ့ဒါကြောင့် သမီးလည်းကုသိုလ်ရအောင်လို့ ဆိုပြီး တပည့်တော်ကို လှူတာတဲ့ဗျ။
အဲ့လိုသူပြောတဲ့ ကော်ဖီရာဇဝင်လေးကြားရတော့ ကျွန်ုပ်က မသိမသာပြုံးမိသည်။
ပြုံးတာကို သူငယ်ချင်းက မြင်တော့
ဘာပြုံးနေတာလဲ ...?တဲ့ ကျန်ုပ်ကလည်း
ဒီကော်ဖီကို ငါသောက်လိုက်ရင် ဘာဖြစ်သွားမလဲ လို့ တွေးပြီး ပြုံးမိတာပါ လို့ ပြန်ဖြေမိတယ်။ ဘာမှမဖြစ်ပါဘူး။ သောက်တာသောက်ပါတဲ့။ ဘာမှမဖြစ်မှန်တော့သိတယ်လေ ဒါပေမယ့် ဒီကော်ဖီ တစ်ထုတ်ရဲ့ ရာဇဝင်လေကြားရတော့ တစ်ခါတုန်းက အဖြစ်အပျက် ကလေးကို သတိရပြီး ဒီကော်ဖီကို သောက်လိုက်ရင် ငါဘာဖြစ်သွားမလဲ လို့ပြောမိတာပါ။ ဒီလိုဆိုတော့ သူငယ်ချင်းက လင့်လေးပေးပါဦး သိချင်လို့ပါတဲ့  ။ ဒါနဲ့ သူကို ဒီလင့်လေးပေးမိပါတယ်။



               တစ်ခါတုန်းက ဗာရာဏသီပြည်မှာ တရားနှင့်အညီ မင်းပြုနေတဲ့ ရှင်ဘုရှင်တစ်ပါး ရှိတယ်။ တစ်ရက်တော့ သူဟာ နန်တော်ကို အမတ်ကြီးများအပ်ပြီး သူ့တိုင်းပြည်မှာ သူ့သတင်း ဂုဏ်ကျေးဇူးတွေကို အဆိုးပြောကြလား အကောင်းပြောကြလား ဆိုတာကို သိချင်လို့ ရုပ်ဖျက်ပြီး မင်းဆရာ ပုရောဟိတ် ပုဏ္ဏားကြီး နဲ့ တိုင်းစွန်နယ်ဖျားတိုင်အောင် ခရီးထွက်ခဲ့တယ်။ တစ်ခုသော ရွာကြီးတစ်ရွာ  ရောက်တော့ ရွာပြင်မှာ ရှိတဲ့ ဇရပ်မှာ တည်းခိုကြတယ်။ ခဏကြာတော့ ရွာထဲက သူဋ္ဌေးတစ်ယောက် အခြွေအရန်တွေနဲ့ ရေချိုးထွက်ခဲ့တယ် ။ ဇရပ်နားရောက်တော့ ဘုရင်ကိုမြင်ပြီး ကျွေးချင်မွေးချင်စိတ်တွေပေါ်လာလို့ အိမ်ပြန်ပြီး စားစရာတွေ ပြန်ယူတယ်။ဒါပေမယ့် သူဋ္ဌေးက သူပြည့်ရှင် မင်းကြီးဆိုတာ မသိပါဘူး။ အဲ့ဒီအချိန်မှာ အဘိညာဉ် ( ၅ ) ပါးနဲ့ပြည့်စုံတဲ့ ရသေ့တစ်ပါးရောက်လာတယ်။ တစ်ချိန်တည်း ပစ္စေကဗုဒ္ဓါ တစ်ပါးလည်းရောက်လာတယ်။
                    သိပ်မကြာခင်မှာ ရွာထဲစားစရာ သွားယူတဲ့ သူဋ္ဌေးပြန်ရောက်တော့ ဘုရင်ကြီးကို စားစရာတွေ ပေးလိုက်တယ်။ ဘုရင်ကလည်း သူမစားပဲ ပါလာတဲ့ မင်းဆရာပုရောဟိတ်ကြီးကို ပေးလိုက်တယ်။ ပုဏ္ဏားကြီးကလည်း သူမစားပဲ အဘိညာဉ်ရ ရသေ့ကို လှူလိုက်တယ်။ ရသေ့ကလည်း ပစ္စေကဗုဒ္ဓါကို လှူတယ်။ ဒီတော့ ပစ္စေကဗုဒ္ဓါက ဘုဉ်းပေးသုံးဆောင်လိုက်တယ်။ ဒီအဖြစ်အပျက် အားလုံးကို မြင်နေရတဲ့ ရွာသူဋ္ဌေးက တွေးတယ်။ "  အော်.... ငါက သူ့ကိုလှူတယ် ။ သူက ဟိုပုဏ္ဏားကို လှူတယ်။ တစ်ခါ ဟိုပုဏ္ဏားကလည်း ဟိုရသေ့ကိုလှူတယ်။  အဲ့ဒီရသေ့ကလည်း ဟိုပစ္စေကဗုဒ္ဓါကို လှူတယ်။ ပစ္စေကဗုဒ္ဓါကတော့ ဘယ်သူ့ကိုမှ မလှူတော့ပဲ အားလုံးကို ဘုဉ်းပေးသုံးဆောင်လိုက်တယ်။  ဒါဟာ အကြာင်းရှိရမယ် " ဆိုပြီး...။ 
 အရင်ဆုံး ရုပ်ဖျက်လာတဲ့ ဘုရင်ကို မေးတယ်။ဘာဖြစ်လို့ ဟိုပုဏ္ဏားကြီးကို ပေးလိုက်ရတာလဲ ဆိုတော့ ဘုရင်က
"  အဲ့ဒီပုဏ္ဏားကြီးဟာ ငါ့ကို ဒါကိုတော့မလုပ်နဲ့ ဒီတရားတွေတော့ စောင့်ထိန်းစသည့်ဖြင့် မကောင်းတာတွေ မလုပ်မိအောင် ကောင်းတာတွေဆောင်ရွက်အောင် တိုင်ပြည်တစ်ပြည်လုံး ဒီလို သာယာအေးချမ်းအောင် ငါ့ကို ဆုံးမနေတဲ့ မင်းဆရာလေ အဲဒါကြောင့် ငါစားရမယ့် စားစရာတွေ မစားပဲ သူ့ကို ပေးလိုက်တာ"  ဆိုတော ရွာသူဋ္ဌေးက သာဓု သာဓု သာဓု လို့ သုံးကြိမ်ခေါ်တယ်။
                   
                      တစ်ခါ ရွာသူဋ္ဌေးက မင်းဆရာပုဏ္ဏားကို မစားပဲ ရသေ့ကို လှူရတဲ့  အကြောင်းကို မေးပြန်တယ်။ ပုဏ္ဏားက  "   ရသေ့ဆိုတာ အိမ်ရာတည်ထောင် လူ့ဘောင်ကို စွန့်လွှတ်ပြီး တောထဲမှာရှိတဲ့ သစ်ဥသစ်မြစ် သစ်သီးတွေကို ရှာဖွေချက်ပြုတ် စားသောက်နေတယ်။ ငါကတော့ နန်းတော်မှာနေပြီး အသုံးဆောင်ကောင်းတွေနဲ့ သုံးဆောင်ပြီးနေရတယ်လေ ဒါကြောင့် ရသေ့က ငါ့ထက်ပိုမြတ်လို့ ငါရသေ့ကို ပေးလှူလိုက်တယ်  "  ဆိုတော့ ရွာသူဋ္ဌေးက သာဓု ခေါ်ရပြန်တယ်။
                ရသေ့ကိုလည်း မစားပဲ ဘာလို့သူများကို လှူရတာလဲဆိုပြီး မေးပြန်တယ်။ ဒီတော့ ရသေ့က  "  ငါကတော့ တောထဲမှာ ရှာဖွေးစားသောက်သေးတယ်။ ဒီရဟန်းကတော့ ကိုယ်တိုင်လည်း ချက်ပြုတ် ရှာဖွေမစားသောက်သည့် အပြင် အအေးလို အပူရ အချိုလို အချဉ်ရ ဒီလိုနဲပဲ သူများတွေ ပေးလှူတာနဲပဲ မျှတစွာနေနိုင်တယ်။ အဲ့ဒါကြောင့် သူက ငါ့ထက်ပိုမြတ်လို့ ငါသု့ကိုပေးလှူလိုက်တယ် " ဆိုတော့ နောက်ထပ် သာဓု ခေါ်ရပြန်တယ်။
                   နောက်ဆုံးတော့ ရွာသူဋ္ဌေးဟာ ပစ္စေကဗုဒ္ဓါကို သွားပြီး ဘာကြောင့် ဘုဉ်းပေး သုံးဆောင်လိုက်ရတာလဲ လို့မေးပြန်တယ်။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်က   " သူကြီး ဒီဇရပ်ပေါ်မှာ ငါ့ထက်မြင့်မြတ်သူကို မဆိုနဲ့ ငါနဲ့တန်တူရည်တူ ပုဂ္ဂိုလ်တောင်  ဘယ်သူမှ မရှိသောကြောင့် လှူတာအားလုံးကို ဘုဉ်းပေးသုံးဆောင်လိုက်တယ် " လို့ပြောတော့ ။ 
           သူငယ်ချင်းက ဟို..ဟို..ရပြီး။
 ဒီလောက်ဆိုရပြီး မေးမိတာတောင်မှားပါတယ်..။ လို့
သူက အလန့်တကြား အော်လိုက်တယ်။ ပြီတော့ ကိုယ်ကလည်း သူ့ကိုဆက်ပြောလိုက်တယ်။ ဒီကော်ဖီကလည်း မလေးရှာက သမီးက အမေကို မြတ်မြတ်နိုးနိုးနဲ့ ပေးတယ်။ အမေကလည်း မြတ်မြတ်နိုးနိုးနဲ့ အရှင်ဘုရားကို လှူတယ် ။ အရှင်ဘုရားက တပည့်တော်ကို လှူတယ်။ နောက်ဆုံးကြည်လိုက်တော့လည်း   ဒီအခန်းထဲမှာ  ငါ့ထက်မြင့်မြတ်သူကို မဆိုနဲ့ ငါနဲ့တန်တူရည်တူ ပုဂ္ဂိုလ်တောင်  မရှိတဲ့အတွက်ကြောင့်  ဒီကော်ဖီကို ကိုယ်ပဲ သောက်လိုက်တော့မယ် လို့ စနောက်ပြော ပြောလိုက်တယ် ။ သူငယ်ချင်းက  ပြုံးစိစိနဲ့ သူပြောလိုက်တာက " သူနဲ့တွေ့မှပဲ ကော်ဖီတစ်ထုတ်၏ ရာဇဝင်ကို သာဓု အကြိမ်ကြိမ် ခေါ်ရတော့ မလိုဖြစ်နေပြီ..တဲ့ ။Posted byashinjawtikaat4:33 AMhttp://lawkaeye.blogspot.com/

No comments:

Post a Comment