Sunday, April 27, 2014

၂၀၁၄ သင်္ကြန် နှစ်ဆန်း(၁)ရက်နေ့မှာ လုံးခင်းမေဓိကာရာမ သံဃာတော်များရဲ့လက်များကို နံ့သာရေနဲ့ ဆေးပေးခြင်းဖြင့် ကုသိုလ်ယူနေကြတဲ့ လုံးခင်းသူ လုံးခင်းသားများ

၂၀၁၄ သင်္ကြန် နှစ်ဆန်း(၁)ရက်နေ့မှာ လုံးခင်းမေဓိကာရာမ သံဃာတော်များရဲ့လက်များကို နံ့သာရေနဲ့ ဆေးပေးခြင်းဖြင့် ကုသိုလ်ယူနေကြတဲ့ လုံးခင်းသူ လုံးခင်းသားများ

 ၂၀၁၄ သင်္ကြန် နှစ်ဆန်း(၁)ရက်နေ့မှာ လုံးခင်းမေဓိကာရာမ သံဃာတော်များရဲ့လက်များကို နံ့သာရေနဲ့ ဆေးပေးခြင်းဖြင့် ကုသိုလ်ယူနေကြတဲ့ လုံးခင်းသူ လုံးခင်းသားများ
 ၂၀၁၄ သင်္ကြန် နှစ်ဆန်း(၁)ရက်နေ့မှာ လုံးခင်းမေဓိကာရာမ သံဃာတော်များရဲ့လက်များကို နံ့သာရေနဲ့ ဆေးပေးခြင်းဖြင့် ကုသိုလ်ယူနေကြတဲ့ လုံးခင်းသူ လုံးခင်းသားများ
 ၂၀၁၄ သင်္ကြန် နှစ်ဆန်း(၁)ရက်နေ့မှာ လုံးခင်းမေဓိကာရာမ သံဃာတော်များရဲ့လက်များကို နံ့သာရေနဲ့ ဆေးပေးခြင်းဖြင့် ကုသိုလ်ယူနေကြတဲ့ လုံးခင်းသူ လုံးခင်းသားများ
 ၂၀၁၄ သင်္ကြန် နှစ်ဆန်း(၁)ရက်နေ့မှာ လုံးခင်းမေဓိကာရာမ သံဃာတော်များရဲ့လက်များကို နံ့သာရေဖြင့် ဆေးပေးခြင်းဖြင့် ကုသိုလ်ယူနေကြတဲ့ လုံးခင်းသူ လုံးခင်းသားများ

၂၀၁၄ သင်္ကြန် နှစ်ဆန်း(၁)ရက်နေ့မှာ လုံးခင်းမေဓိကာရာမ သံဃာတော်များရဲ့လက်များကို နံ့သာရေနဲ့ ဆေးပေးခြင်းဖြင့် ကုသိုလ်ယူနေကြတဲ့ လုံးခင်းသူ လုံးခင်းသားများ

လက်ရှိ ရိပ်သာကိုနှစ်စဉ်မပျက်ဖြစ်မြောက်ရေး ဦးဆောင်ကြိုးပမ်းနေသူဆရာလေး ဒေါ်ဣန္ဒစာရီ



       ယခုအခါ တရားရိပ်သာကို တစ်နှစ်တစ်ကြိမ်ဖွင့်လှစ်ခဲ့ရာမှ ဆရာလေး ဒေါ်ဣန္ဒစာရီ ၏ ကြိုးပမ်းမှုကြောင့် ၁၃--- ခုနှစ်မှစ၍ အခု ၁၃၇၅ ခုနှစ်အထိ တစ်နှစ်ကို နှစ်ကြိမ်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။တစ်နှစ်တွင် တပေါင်းလဆန်း (၁၄) မှ တပေါင်းလပြည့်ကျော် (၁၅ ) ရက်နေ့အထိ (၁၅) ရက်ကြာတရား စခန်းပွဲ တစ်ကြိမ်၊ဝါဆိုလပြည့်ကျော် (၁) ရက်မှ သီတင်းကျွတ် လပြည့်ကျော်(၁)ရက်နေ့အထိ (၃)လကြာ ဝါတွင်းကာလတရား စခန်းပွဲ တစ်ကြိမ် ဖြင့် တစ်နှစ်တွင် (၂)ကြိမ်ဖွင့်လှစ်ကာ ရန်ကုန်ဖြူးးရိပ်သာမှ တရားပြဓမ္မကထိက ဆရာတော်များကို ပင့်လျှောက်၍ တရားပြသစေခဲ့ပါတယ်။
  ယခုလက်ရှိ ရိပ်သာကိုနှစ်စဉ်မပျက်ဖြစ်မြောက်ရေး ဦးဆောင်ကြိုးပမ်းနေသူမှာ ဆရာလေး ဒေါ်ဣန္ဒစာရီ  ဖြစ်ပါတယ်။
 ဆရာလေး ဒေါ်ဣန္ဒစာရီ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
     
    ဆရာလေး ဒေါ်ဣန္ဒစာရီ   ကို အဖ ဦးစိမ်း+အမိ ဒေါ်ဝံ တို့မှ ၁၃၂၄ ခုနှစ် (လ) (ရက်) တွင် ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊လုံးခင်းရက်ကွက်(၁)၌ဖွားမြင်ပြီးဒေါ်တင်ရီ၊ဦးကျော်၊ဦးချော၊ဒေါ်သောင်းကြည်၊ဒေါ်စီစီစိမ်း၊ ဒေါ်မိုးမိုးထွေး ၊ဦးဆက်ဖေ၊ဦးသောင်းဖေ၊ဦးဖိုးသား ဟူ၍ မွေးချင်း (၉) ယောက်အနက် သမီးအကြီး သမီးဦး သမီးရတနာဖြစ်ပါတယ်။၁၃၄၄ခုနှစ်တွင် လုံးခင်းရွာ ဦးစံအေးနှင့်အိမ်ထောင်စုံဖက်၍ မချောစုခိုင်၊မကေသီခိုင်၊မသန္တာခိုင်၊မ---ခိုင် သမီး (၄)ယောက်ထွန်းကားခဲ့ပါတယ်။ ၁၃--ခုနှစ်၊ လ၊ ရက် တွင် ဆရာတော် ဦးဝေပုလ္လကို ဦးပဇ္ဈာယ်ပြု၍ သီလရှင်ဝတ်ကာ သာသနာတော်၏ အရိပ်အာဝါသကိုခိုလှုံခဲ့ပါတယ်။ ၁၃၆၂ ခု ပြာသိုလဆန်း (၁) ရက်နေ့တွင် မိခင် ဒေါ်ဝံ ကွယ်လွန် ပါတယ်။ မိခင်ကို သမီးတစ်ယောက်အနေဖြင့် အာမိသဖြင့်သာမက ဓမ္မဖြင့်ပါ ကျေးဇူးဆပ်နိုင်ခဲ့ပါတယ်။

       ၁၃၆၀ ခု တန်ဆောင်မုန်း လဆန်း (၉) ရက်နေ့မှာ ဒေါ်ဣန္ဒစာရီ ဟာ  နောင်ပူအောင်တောရ ကျောင်းမှာ တရားအားထုတ်ပါတယ်။
    ၁၃၆၁ ခု ဒုတိယ ဝါဆိုလပြည့်ကျော် (၁၄) ရက် မှာ မန္တလေးမှ ချင်းပြည်နယ် ဟားခါး အသွား ဂန့်ဂေါ မြို့နဲ့ (၁၀) မိုင် အကွာမှာ ကားမှောက်သောကြောင့် ပေါင်းကျိုးခဲ့ရပါတယ်။ထိုဒဏ်ရာကို မန္တလေးမှာ (၆) လလောက် ဆေးကုသခံယူခဲ့ရပါတယ်။

      ၁၃၆၁ ခု တပေါင်းလဆန်း (၄)ရက် လုံးခင်းပြန်ရောက်လာခဲ့ပြီး၊အသက်(၄၇)နှစ်အရွယ် ၁၃၇၁ ခု ဝါဆိုလဆန်း (၁၂) ရက် နေ့ (၁၈) ရက်ကြာ ချမ်းမြေ့ရိပ်သာ ရန်ကုန်တွင် တရားအားထုတ်ခဲ့ပါတယ် ။

     ၁၃၇၁ ခု ဝါခေါင်လပြည့်ကျော် (၁၄) ရက် မှာ အရှင်လာဘသာမိ ကို ကံထပ်ခဲ့ပါတယ်။ ယခုအခါ လုံးခင်းမေဓိကာရာမ ပရိယတ္တိစာသင်တိုက်အတွင်းရှိ ပဋိပတ္တိလုပ်ဆောင်ရာ တရားရိပ်သာဖြစ်မြောက်ရေးကို နှစ်စဉ်နှစ်တိုင်း အစကနေ အဆုံး ချောမွေ့စွာ ဖြစ်စေဖို့ ကျယ်ကျယ်ပြန့်ပြန့် တိုးပွားစေဖို့  ကြိုးပမ်းကာ သာသနာပြုလျှက်ရှိပါတယ်။

                                          ဆရာလေး ဒေါ်ဣန္ဒစာရီ
                                                   ဆရာလေး ဒေါ်ဣန္ဒစာရီ

Tuesday, April 22, 2014

နေဝန်းသစ် စာကြည့်တိုက် မေဓိကာရာမ စာသင်တိုက် လုံးခင်း

 
               နေဝန်းသစ် စာကြည့်တိုက် မေဓိကာရာမ စာသင်တိုက် လုံးခင်း

                                နေဝန်းသစ် စာကြည့်တိုက်မှူး ကိုဆွေ
              နေဝန်းသစ် စာကြည့်တိုက်မှူး ကိုဆွေ နှင့် ကချင်+မြန်မာ ချစ်ကြည်ရေး ကျောက်တိုင်

ဒေါ် စီစီစိမ်း မှ ဦးဆောင် ရိပ်သာ ဖြစ်ပေါ်လာအောင်


ရိပ်သာကျောင်း
ရိပ်သာကျောင်းဆောင်ကို နှစ်ဖက် မိဘများဖြစ်ကြတဲ့ ဦးစိမ်း+ဒေါ်ဝံ၊ဦးကွန်အုပ် +ဒေါ်မြမေ တို့ကို ရည်စူးလျှက် ကျောင်းဒါယကာ ဦးကျော်+ ကျောင်းဒါယိကာမ ဒေါ်တင်နွယ် သား မောင်အောင်လင်း၊မောင်ကျော်လင်း၊မောင်ဝင်းထွန်း၊ သမီး မခိုင်တင်ဇာကျော် မိသားစုတို့ကနေ ၁၃၅၈ ခု၊ (၁၉၉၆) မှာ ဆောက်လုပ်လှူဒါန်းထားတဲ့ ကျောင်းဆောင် ဖြစ်ပါတယ်။ တရားအားထုတ်လိုသူ သူတော်များအတွက်  တရားရိပ်သာ ပေါ်ပေါက်လာပုံကို အကျဉ်းအားဖြင့် ပြောရမယ်ဆိုပါလျှင် ၁၃၅၃ ခုနှစ် အချိန်က ရိပ်သာကျောင်းဒါယကာ ရဲ့ နှစ်မ ဖြစ်သူ ဒေါ်စီစီစိမ်း ဟာ တရားအားထုတ်ဖို့ ဒေါ်သောင်းကြည် နှင့်အတူ မန္တလေး မှ တဆင့် ရန်ကုန် သို့ အသွား မန္တလေး ရန်ကုန် အကြား တံတားကို ပြင်နေတာမို့  ရထားများ ခေတ္တရပ်နားထားသည်နှင့်ကြုံသောအခါ ရန်ကုန်သို့ ဆက်မသွားလို မန္တလေး စိန်ပန်းရိပ်သာမှာပင် တရားအားထုတ်ဖို့ အစီအစဉ်ကို မိတ်ဆွေဖြစ်သူ မသန်းညွန့် အထံ ဝင်ရောက်နှုတ်ဆက်ရင်းပြောပြရာ မိတ်ဆွေဖြစ်သှူ မသန်းညွန့် ရဲ့ လမ်းညွှန်မှုဖြင့် ဖြူးးဆရာတော်ရဲ့ တရားရိပ်သာ သို့ ရောက်ခဲ့ပါတယ်။ တကယ်တော့ ဒီလိုတရားအားထုတ်ဖို့ဆိုတာ ဒေါ်စီစီစိမ်းအဖို့ လွယ်ကူစွာ လာခဲ့ရခြင်း မဟုတ်ပါ။ ခရီးလမ်း တစ်လျှောက်လုံး မိုးကရွာ၊ရွှံ့ညွှန်က  ထူထပ် တစ်တောဝင် တစ်တောင်တက် တစ်တောထွက် တစ်တောင်ဆင်း ခရီးပြင်းကိုနှင် လမ်းကြမ်းကို ကျော်ဖြတ်ကာ လာခဲ့ရခြင်းဖြစ်ပါတယ်။လုံးခင်းကနေ မိုးကောင်းအထိ ခရီးစဉ်မှာ  မိုင်(၉၀) ကွာဝေးပါတယ်။ ကားဖြင့်သွားနိုင်တဲ့ လမ်းခရီးက အနည်းငယ်သာရှိပြီး များသောအားဖြင့်  ရွှံ့ညွန် အထပ်ထပ်ခရီးကို နားလိုက်တစ်ခါ လျှောက်ခါတစ်လှဲ့ဖြင့် ခြေကျင်းခရီးဆက် ခဲ့ရပါတယ်။ တချို့နေရာများမှာ ရွှံ့ညွန်များဟာ ဒူးဆစ်နားအထိအောင် ထူထပ်လှပါတယ်။
တရားထိုင်လို့ကြာလာတဲ့အခါ တစ်နေ့ကို (၈)နာရီကြာအောင်ပင် တရားရှုမှတ်နိုင်လာပါတယ်။ တရားရဲ့ စွမ်းအားသတ္တိ ငြိမ်းချမ်းမှု ပီတိကို မိမိကိုယ်တိုင်ခံစားရသောကြောင့် မိမိရွာသူ၊ရွာသားများကို မိမိကဲ့သို့ တရားအသိမျိုးရစေချင်တဲ့စိတ် တဖွားဖွားဖြစ်ပေါ်လာတာမို့ မိမိတို့လာခဲ့ရတဲ့ခရီးလမ်း ကြမ်းတမ်းပုံ၊ခက်ခက်ခဲခဲလာခဲ့ရပုံတို့နဲ့အတူ မိမိဇာတိမြေမှာ တရားရိပ်သာဖွင့်လှစ်ဖို့ အကြောင်းတို့ကို  ဖြူးဆရာတော် ဦးနရပတိအား လျှောက်ထားလိုက်ပါတယ်။ ရွာကျောင်းမှာ ကျောင်းဆောင်ကိစ္စ တရားဟောဖို့ကိစ္စ စသည်တို့က ဘာမှအဆင်သင့်မရှိသေးပဲ သဒ္ဓါတရား အားကောင်းမှုတို့က စေ့ဆော်၍သာ အရဲစွန့်ကာ လျှောက်ထားရခြင်းဖြစ်ပါတယ်။ဒေါ်စီစီစိမ်း မှာ ထိုအချိန်က ငွေကြေးအတွက် စပါးတစ်ထောင်ရှိထားပြီးဖြစ်၍ မပူပန်ပါ။ ထို လျှောက်ထားမှုဖြင့် ၁၃၅၄ ခုနှစ်မှာ ဒေါ်စီစီစိမ်းမှ ဦးဆောင်လျှက် မိမိငွေ သုံးသောင်းခွဲ (၃၅၀၀၀) ဖြင့် four wheels ကားငှါးကာ ဦးတေဇော၊ဦးတင်မောင်၊ကိုရင်ငယ်တစ်ပါး တို့နှင့်အတူ ဟိုပင်သို့ သွားရောက်ပြီး ဖြူးးဆရာတော် ဦးနရပတိ ကို ကြိုဆိုပင့်ဆောင်ခဲ့ပါတယ်။ ဖြူးးဆရာတော်မှာ ကြိုတင်လျှောက်ထားတဲ့ အတိုင်း ခရီးအခက်အခဲနဲ့ ကြမ်းထမ်းမှုကို ကိုယ်တိုင်တွေ့ရ မြင်ရ ပါတော့တယ်။ဒီခရီးစဉ်မှာ ဖြူးဆရာတော်ရဲ့ ခရီးအခက်ခဲ၊ လမ်းခရီး ကြမ်းတမ်းမှုကို တစ်ချက်ကလေးမျှ မငြီးညူပဲ ကြည်ဖြူစွာပင် လိုက်လာခြင်းကြောင့် ပင့်ဆောင်ရသူများ မှာ ကြည်ညို၍မဆုံး ဖြစ်ကြရပါတယ်။အထူးမှတ်စရာ ကောင်းတာကတော့ လမ်းခရီးမှာ ကားသမား မအိပ်ချင်အောင်၊ သတိထား၍ ကားကိုမောင်းနှင်နိုင်အောင် ဆရာတော်မှာ ငါ နိုင်ငံကျော် ဓမ္မကထိက ဟူ၍ မာန်မာနမရှိ ကားသမားကို စကားပြောလျှက် လက်ကလည်းကွမ်းယာကို အိပ်ထဲကနေထုတ်ကာ ကားသမားအား အဆက်မပြတ်ပေးနေ ကျွေးနေသည်ကို မြင်တွေ့ရာခြင်းပင်ဖြစ်ပါတယ်။ မိုးကရွာ ရွှံ့က အထပ်ထပ် လူကကားကိုစီး ကားကလူကိုစီးရင်း ဖြတ်ကျော်လာတဲ့ ခရီးက (၈) မိုင်သို့ရောက်သော အခါ ဆရာတော်ကို ဆွမ်းကပ်ဖို့ အချိန်ရောက်နေပြီ။ ကားကရှေ့ဆက် မောင်း၍ ခရီးနှင်ဖို့ ဆိုတာမဖြစ်နိုင်။ရှေ့မှာ ရွှံ့ညွန်များက ကားတစ်စင်းလုံးနစ်မြုပ်သွားနိုင်မည်ဟု ထင်ရလောက်အောင် ထူထပ်လွန်းလှသည်။ ထို့ကြောင့် ဖိုးဝီး(four weels) ကားကို ခေတ္တရပ်ခိုင်းသောအခါမှ ပင့်ဆောင်လာသော ဒေါ်စီစီစိမ်းရဲ့ အဝတ်အစား နဲ့ စားစရာရိက္ခာများ ထည့်လာခဲ့သော အိတ်ကို မိုးကောင်းကားအကူးမှာ ကားသမားများ ပစ္စည်းမှားကာ တစ်ခြားကားအပေါ်တင်ရန် မိမိတို့ကားပေါ်ကနေ ချယူသွားသည့်အဖြစ်ကို သတိရမိလိုက်သည်။ထိုအိတ်နဲ့အတူ စားစရာရိက္ခာများ၊အဝတ်အစားများ ပါသွားသည်ဖြစ်ရာ လဲစရာ အဝတ်အစားဟူ၍ အပို မရှိ၊ စားစရာ ရိက္ခာဟူ၍ ဗလာနတ္ထိ။ ပိုက်ဆံအိတ်မှာ လက်ထဲအမြဲကိုင်ထား၍ ပါမသွားသည်ကိုပင် ကျေးဇူးတင်ရသေးသည်။ထို့ကြောင့် (၇)မိုင် သို့ ခရီးဆက်ပါက မောင်ဖြစ်သူ အခုရိပ်သာကျောင်းဒါယကာ ဦးကျော် ရဲ့ သစ်ထုတ်လုပ်တဲ့ စခန်းသို့ သွားရောက်နိုင်ပါက အဆင်ပြေနိုင်ကြောင်း ဖြူးဆရာတော်အား လျှောက်ထားကာ အကောင်းဆုံးနည်းလမ်းကို အားလုံးတိုင်ပင်မှုကနေ ပေါ်ထွက်လာသည့်အတိုင်း ခေါင်းဆောင်ဖြစ်သူ ဒေါ်စီစီစိမ်းမှာ မိုးစိုနေသော အဝတ်အစားနဲ့ပင် ဦးဇင်း ဦးဃောသိတနှင့်အတူ ထိုစခန်းဆီသို့သွားကြသည်။ စခန်းသို့ရောက်သောအခါ ဆင်ဦးစီး မောင်အိုက် အား မကြာမီက လွှတ်ထားသော ဆင်မကြီး မအောင် ကို ပြန်ဖမ်းစေကာ ဖြူးးဆရာတော်ကို ဦးကျော် သစ်ထုတ်လုပ်သည့်စခန်းသို့ ဆွမ်းစားရန် အချိန်မှီပင့်ခိုင်းရပါတယ်။ ဆရာတော်နှင့် အတူ ထားခဲ့သော လုံးခင်းမှ ကိုရင်ငယ်လေး တစ်ပါးနှင့်ပင် ဆင်ပေါ်မှာ ဖြူးးဆရာတော်လိုက်ပါလာသည်။ ဆင်စီးရသောဖြူးးဆရာတော်မှာ ကြမ်းတမ်းသောခရီးကို အပြစ်မမြင် ပြုံးလျှက်ပင် လိုက်ပါလာသည်ကို မြင်တွေ့ရတဲ့ ဒေါ်စီစီစိမ်း အဖို့ ယနေ့အထိ ပီတိဖြစ်နေဆဲ။ သစ်ထုတ်လုပ်စခန်းသို့ရောက်သောအခါ တူဖြစ်သူ မောင်အောင်လင်း မှာ အိမ်သို့ ပြန်သွား၍ လွတ်နေသော စင်မြင့်ပေါ်က သူအိပ်ရာဟာဖြူးဆရာတော်အတွက်နေရာဖြစ်သွားပါတော့တယ်။ ဒေါ်စီစီစိမ်းရဲ့ ရင်ထဲမှာတော့ ရေကန်အသင့်ကြာအသင့် ဖြစ်သွား၍ ဝမ်းသာနေပါတော့တယ်။စခန်းမှာပင် သံဃာ(၃ ) ပါးကို ဆွမ်းကပ် ပြီးသောအခါ ဆရာတော်ကို လာပင့်ရန် ကားလွှတ်ပေးဖို့ လူကြုံဖြင့် မှာရပါတယ်။ညအိပ်သောအခါ စခန်းအနီးက မိတ်ဆွေ အပျိုကြီး မခင်မေ မှာ မိမိတို့ ရောက်နေသည်ကို မသိပဲ စခန်းသို့ အိပ်ယာလိပ်ယူလျှက်ရောက်လာခဲ့ရာ ဒေါ်စီစီစိမ်းက လှမ်းနှုတ်ဆက်မှ သူမတို့စခန်းမှာ အိပ်စရာနေရာမရှိ၍ မိတ်ဆွေများရှိရာ ဒီစခန်းသို့  ပုံမှန်အတိုင်းလာခဲ့ခြင်းဟုသိရသည်။ ဒေါ်စီစီစိမ်း အဖို့ စကားပြောဖော်ရ မိန်းမသားချင်းဖြစ်၍ ပိုအားတက်မိပါတော့တယ်။ မိတ်ဆွေ အပျိုကြီး မခင်မေ နှင့် အတူ မြေပြင်မှာနေရရှာပြီး လမ်းတစ်လျှောက် မိုးစိုလိုက် ခြောက်လိုက်ဖြစ်နေတဲ့ မိမိအပေါ်က အဝတ်အစားက လွဲ၍ဘာမှ အပိုမရှိသည့် ဒေါ်စီစီစိမ်း ကို ဖြူးးဆရာတော်က အပိုဖြစ်တဲ့ စောင်အသေးစား တစ်ထည်ကို ပစ်ချ၍ “ ရော့ ဒါလေးခြုံထား’’ ဟု မိန့်ပါတယ်။နောက်နေ့မှာ လုံးခင်းကနေ ဖြူးးဆရာတော်ကို လာကြိုသည့် ဂျစ်ကားရောက်လာ၍ လုံးခင်းသို့ ခရီးဆက်ရာမှာ ပတ်ကွေ့အရောက် အသုဘတစ်ခုက ကားတားပြီး သရဏဂုံတင်ပေးရန် လျှောက်သောကြောင့် သီလပေးကာ သရဏဂုံရဲ့ အကျိုးကျေးဇူးများကို ဆရာတော်ကနေ အကျယ်တဝင့်ချီးမြှင့်ဟောကြားလိုက်ရာ ပရိတ်သတ်မှာ ဒီတရားမျိုး မနာဖူး အခုမှ နာဖူးကြားဖူးသောကြောင့် ဝမ်းသာကြသည်။ တောတောင်ထဲမှာ သံဃာဆိုတာ ဖူးမြင်ရဖို့ မလွယ်ကူသောအခါမျိုးမှာ မမျှော်လင့်ပဲ နိုင်ငံတော်ကျော် ဓမ္မကထိက ဖြူးးဆရာတော် ရဲ့ စေတနာထား တရားဟောကြားမှုနှင့် ကြုံရသည်ကို သိရသောအခါ ပို၍ပင်ဝမ်းသာကြသည်။ လုံးခင်းကျောင်းသို့ ရောက်သောအခါ ဘယ်သူကမှ နိုင်ငံကျော် ဓမ္မကထိက ဟူ၍မသိကြ။ ဆွမ်းစားကျောင်း အပေါ်ထပ်မှာပင် အိပ်ဖို့ နေရာချထားပေးလေသည်။ ဒေါ်စီစီစိမ်း အနေဖြင့် လုံးခင်းဆရာတော်ကို မိမိတို့နှင့် ခင်မင်၍ ပင့်လာတဲ့ အလည်လာသည့် ရဟန်းတစ်ပါး အနေမျိုးဖြင့် လျှောက်ထားရပါတယ်။ အခြေအနေကြည့်ကာ စီစဉ်ရမည်ဖြစ်၍ လိုရင်းကို တစ်ခါတည်းလျှောက်ထား၍ မရသည်ကို ဒေါ်စီစီစိမ်း ကြိုတင်သိထားပြီး၍ဖြစ်ပါတယ်။ ဖြူးးဆရာတော်က “လာဘ်လာဘ အနေနဲ့ဆို ဒီကို လာပြီး တရားဟောစရာမလိုဘူး။မင်းတို့ဆီ မျက်စိပွင့်နားပွင့် သာသနာပွင့်အောင်လို့ ငါ လိုက်လာခဲ့တာ” လို့ မိန့်တော်မူရှာပါတယ် ။ မှန်ပါတယ် ထိုအချိန်က ဆရာတော်မှာ စင်ပေါ်မှာ ထင်ပေါ်နေပြီဖြစ်ပါတယ်။ မြို့မှာ ကျင်းပတဲ့ဆရာတော်ရဲ့တရားပွဲများကို ဒေါ်စီစီစိမ်း မျက်မြင်တွေ့ကြုံခဲ့ နာကြားခဲ့ရဖူးပါတယ်။ကံကောင်းတယ် လို့ပြောရမယ် ထင်ပါတယ် မြင်းခြံဆရာတော် ဘုရားကြီးက ဖြူးးဆရာတော် ရောက်နေတာကို မြင်တွေ့ရတဲ့ အခါ လုံးခင်းဆရာတော် ဦးဝေပုလ္လ အား “ ဟေ့ အဲဒါ နာမည်ကြီး ဓမ္မကထိက ဒီအတိုင်း ပြစ်မထားနဲ့ ရောက်တုန်းတရားဟောခိုင်း’’ ဟု တိုက်တွန်းပါတော့တယ်။ ထိုညမှာပင် တရားပွဲ ကို အမြန်စတင်လုပ်လေရာ တရားပွဲမှာ လုံးခင်း (၃)ည ဆက်တိုက် ဖားကန့် (၁) ည ဟောရပါတော့တယ်။ သံဃာ့ဂုဏ်ရည် တရားကို ဟောကြားလေရာ ပရိတ်သတ်များပါမက လုံးခင်းဆရာတော်ပါ သူရဲ့ အခန်းကနေ အပြင်ထွက်ကာ တရားနာပါတော့တယ်။တရားပွဲအပြီးမှာ လုံးခင်းဆရာတော်ကနေ ဒေါ်စီစီစိမ်းအား ငယ်နာမည်ကို ခေါ်ကာ “ ဟေ့ တင်ကြည် ပဋ္ဌာန်းပွဲလည်း ဆက်လုပ်ခဲ့” ဟုမိန့်ပါတော့တယ်။
ထိုအခိုက် ဒေါ်စီစီစိမ်းကနေ “ဘုန်းကြီး တပည့်တော်မတို့ ရိပ်သာဆက်လုပ်မယ်” ဟု အခွင့်သာခိုက် တဆက်တည်းလျှောက်လေရာ အရင်က ရိပ်သာလုပ်ချင်ရင် မလန်းသွားလုပ်ကြဟု မိန့်ဖူးသော လုံးခင်းဆရာတော်မှာ အခုအခါ “ အေး--အေး--အေး’’ ဆိုကာ ခွင့်ပြုပေးလိုက်ပါတယ်။ မလန်းရွာ ဆိုသည်မှာ လုံးခင်းကနေ အနည်းငယ်ဝေးပါတယ်။ တရားရိပ်သာလုပ်ပါက တရားနာယူလိုသူများ နဲ့ ဆွမ်းချက်၊ဝေယျာဝစ္စ သမားများ အတွက် သွားရေး လာရေး  ခက်ခဲပါတယ်။ လုံးခင်းဆရာတော် အနေနဲ့ ရိပ်သာဆိုတာ တောထဲမှာသာ လုပ်ရမယ် လို့ ထင်ထားဟန်ရှိပါတယ်။အခုလက်ရှိ ရိပ်သာနေရာမှာ အရင်က ဇရပ်ငယ်လေးရှိပါတယ်။အဲဒီဇရပ်ငယ်ပေါ်မှာ ဖြူးးဆရာတော် တရားစတင်ပြပါတယ် စတင်ဟောကြားတဲ့တရားကတော့ “သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းခို တရားဖြစ်ပါတယ်”တရားတော်မှာ မုဆိုးကြီးတို့သားအဖများ ဘုရားနဲ့တွေ့သော်လည်း ဘုရားမှန်းမသိ မုဆိုးကြီးရဲ့အိမ်ရှင်မ ကနေ သူမရဲ့အဖေ ဟု ပြောဆိုပုံကနေ ပြီးဆုံးသည်အထိ ဟောသွားရာမှာ တရားနာ ပရိတ်သတ်အဖို့ ဆက်လက်နာယူပြီးရင်း နာယူချင်စိတ်ကို နှိုးဆွပေးလိုက်ပါတော့တယ်။တရားပြရာမှာလဲကောင်း တရားဟောရာမှာလဲ ကောင်းသောကြောင့် တရားအားထုတ်သူများ တစထက် တစ များပြားလာပါတယ်။တရားအားထုတ်တဲ့ ပရိတ်သတ်ထဲက အခုလက်ရှိရိပ်သာကျောင်းအစ်မ ဒေါ်တင်တင်နွယ်က “ဒီဘဝရိပ်သာကျောင်းဆောက်လှူဒါန်းခွင့်ရရင် သေပျော်ပါပြီ” ဟု ဆိုလာပါတယ်။ခင်ပွန်းဖြစ်သူ ဦးကျော် နှင့်တိုင်ပင်သောအခါ ခင်ပွန်းဖြစ်သူက ကုသိုလ်အရေးမှာ လက်နှေးသူမဟုတ်လေရာ အမြန်ဆောက်လှူဖို့ ဖြစ်လာပါတယ်။ လုံးခင်းဆရာတော်အား ရိပ်သာကျောင်းဆောင်ဆောက်လုပ် လှူဒါန်းမယ့် အကြောင်း လျှောက်ထားတဲ့အခါ ရှေးကဇရပ်ငယ် ပုံစံအတိုင်း ဆောက်ဖို့ မိန့်ပါတယ်။ တရားထိုင်မယ့် ယောဂီများ တရားနာယူမယ့်သူများ နဲ့ အဆိုပါကျောင်းဆောင်မျိုးနဲ့ မသင့်တော် မိမိမြင်တွေ့ခဲ့ရတဲ့ မြို့ကရိပ်သာကျောင်းဆောင်မျိုး ဒေါ်စီစီက ဆောက်လုပ်ချင်ပါတယ်။ဒါ့ကြောင့် လုံးခင်းဆရာတော်နှင့် အကျွမ်းဝင်သူ ဦးတင်မောင်ကို ဒေါ်စီစီစိမ်းက “ ဦးတင်မောင် ဆရာတော်ကို ၂ ထပ်ကျောင်းဆောင်ဆောက်ဖို့ လျှောက်ပေးပါဦး’’ ဟု အကျိုးအကြောင်းနဲ့အတူ အကူအညီတောင်းလိုက်တဲ့အခါ လုံးခင်းဆရာတော်က အခုရိပ်သာကျောင်းဒါယကာ ဦးကျော် ကို ဒုတိယအကြိမ် ပြန်ခေါ်ကာ ၂ ထပ်ကျောင်းဆောက်ဖို့ ပြန်မိန့်ပါတော့တယ်။ သို့ဖြင့် ၅ ခန်း ၃ ခန်း ၂ ထပ်ကျောင်းဆောင် ဆောက်လုပ်ပြီး လှူဒါန်းဖြစ်ပါတယ်။ တရားအားထုတ်သူယောဂီများ၊ တရားနာယူသူများ အရင်ကထက် များပြားလာပါတယ်။ ၁၃၅၄  မှာ ဖြူးးဆရာတော် လုံးခင်းကြွ လာပြီး၊ ၁၃၅၅ ခု တပေါင်းလပြည့်ကျော် ၄ ရက်မှာ  စတင်ရိပ်သာဖွင့်လှစ်လိုက်ရာ တရားနာပရိတ်သတ် ၁၇၀ -၂၀၀ နီးပါးရှိ သောကြောင့် ရိပ်သာကျောင်းဆောင်ကို တိုးချဲ့ကာ အသစ်တဖန်ဆောက်ရပြန်ပါတယ်။ရိပ်သာကျောင်းဆောင် ဆောက်လုပ်လှူဒါန်းရတဲ့ ကျောင်းဒကာ ကျောင်းဒါယိကာမများ အတွက် မိမိဆောက်လုပ်ထားတဲ့ ကျောင်းကြီးအပေါ်မှာ ဒါန၊သီလ၊ဝိပဿနာ တရားများ အားထုတ်နေတာကို မြင်တွေ့နေရတဲ့အခါ အထူးပင် ဝမ်းသာ ပီတိဖြစ်မိပါတော့တယ်။မိမိတို့ ရိပ်သာကျောင်း ဆောက်လုပ်ခွင့်ရတဲ့ ကုသိုလ်ကံကား ကြီးမားလေစွ။


ရိပ်သာကျောင်း လှေကား အတက် ဘယ်ညာ နှစ်ဖက်ကို မြင်တွေ့ရပုံ









 ကျောင်းဒါယကာ ဦးကျော်+ကျောင်းဒါယိကာမ ဒေါ်တင်တင်နွယ် မိသားစု လှူ ဒါန်းထားသည့်
 သူတော်စင်အများ တရားအားထုတ်ရာ ရိပ်သာကျောင်းဆောင်


                           သူတော်စင်အများ တရားအားထုတ်ရာ ရိပ်သာကျောင်းဆောင်

               ရိပ်သာကျောင်း ဒါယကာ ဦးကျော်+ကျောင်းဒါယိကာမ ဒေါ်တင်တင်နွယ်

   ရိပ်သာကျောင်း ဒါယကာ ဦးကျော်+ကျောင်းဒါယိကာမ ဒေါ်တင်တင်နွယ်
   ယခုလက်ရှိပုံ ၂၀၁၄

Sunday, April 20, 2014

2014 လုံးခင်း သင်္ကြန်ကာလ မြတ်ဗုဒ္ဓ ကို ရေသပ္ပါယ် ဖို့ ကျောင်းပေါ်ကနေ ပင့်ဆောင်လာ စဉ်


                          ပင်မကျောင်းဆောင်ပေါ်ကနေ စတင်ပင့်ဆောင်လာပုံ



အများရေသပ္ပါယ်နိုင်ရန် ရေသွန်းလောင်းရာ ဂန္ဓကုဋီ မှာ သီတင်းသုံးနေစဉ်
နံ့သာရည် မျိုးစုံဖြင့် ပူဇော်ကုသိုလ် ယူနေပုံ

Thursday, April 17, 2014

12-2-2014 မှာ မြင်တွေ့ရသည့် မှော်စီစာရွာအနီးက ကျောက်မျက်တူးဖော်ရေး လုပ်ကွက်

 ယာယီကျောက်မျက်တူးဖော်မှု နားထားသဖြင့် ရေပြည့်နေသည့် မှော်စီစာရွာအနီးက
 ကျောက်မျက်တူးဖော်လုပ်ကွက်တစ်ခု ကို 12-2-2014 နေ့က မြင်တွေ့ရပုံ

Monday, April 14, 2014

အသစ်ဆောက်လုပ်မည့် ဘုရားကျောင်းဆောင် အသစ်အတွက် လှုပ်ရှားမှု ပုံရိပ်များ

                                               ၁၇-၃-၂၀၁၄
                                                ၁၇-၃-၂၀၁၄
                                                  ၁၈-၂-၂၀၁၄
                                                    ၁၈-၂-၂၀၁၄
                                                     ၁၈-၂-၂၀၁၄
                                                 ၁၈-၂-၂၀၁၄
                                               ၁၈-၂-၂၀၁၄
                                              ၁၈-၂-၂၀၁၄
                                               ၁၈-၂-၂၀၁၄

မေဓိကာရာမ လုံးခင်း စာသင်တိုက် အဝင်ဝ မုခ်ဦးသစ် ၂၀-၃-၂၀၁၄

၂၀-၃-၂၀၁၄ မှာ တွေ့မြင်ရသည့် မေဓိကာရာမ စာသင်တိုက် လုံးခင်း ၏ မုခ်ဦး
                  ၂၀-၃-၂၀၁၄ မှာ တွေ့မြင်ရသည့် မေဓိကာရာမ စာသင်တိုက် လုံးခင်း ၏ မုခ်ဦး

နှစ်ပေါင်း ၁၁၃ နှစ် သက်တမ်းရှိပြီဖြစ်သော စော်ဘွားများအဆက်ဆက် ကိုးကွယ်လာသည့် ဗုဒ္ဓရုပ်ပွားတော်

            လုံးခင်းမေဓိကာရာမကျောင်းတိုက် အတွင်းရှိ သမိုင်းဝင် ဗုဒ္ဓရုပ်ပွားတော်
                               မူလပလ္လင်တော်မှ သက္ကရာဇ် နှင့် ကောင်းမှုရှင် အမည်
                                  ပိဋကတ်သုံးပုံ ရွှေအစစ်ချ ပေစာများ
                              ရွှေအစစ်ချထားသော ပေစာကိုအနီးကပ် မြင်တွေ့ရပုံ
                           ရွှေအစစ်ချထားသော ပေစာကိုအနီးကပ် မြင်တွေ့ရပုံ

                    ဘုရားကျောင်းဆောင် အဝင်ဝမှာ မြင်တွေ့ရသည့် ဘုရားသမိုင်းကျောက်စာ

တရားအပြိုင် ရှုမှတ်နေသည့် သူတော်ကောင်းလေးများ

                        တရားအပြိုင် ရှုမှတ်နေသည့် သူတော်ကောင်းလေးများ (သီးသန့်အချိန်)
                        တရားအပြိုင် ရှုမှတ်နေသည့် သူတော်ကောင်းလေးများ (သီးသန့်အချိန် )

ကျောင်းတွင်း စိုက်ခင်း

                           ကျောင်းတွင်း စိုက်ခင်း နှင့် ဥယျာဉ်မှူး ဦးသိန်းထွန်း