ယခုအခါ
တရားရိပ်သာကို တစ်နှစ်တစ်ကြိမ်ဖွင့်လှစ်ခဲ့ရာမှ ဆရာလေး ဒေါ်ဣန္ဒစာရီ ၏ ကြိုးပမ်းမှုကြောင့်
၁၃--- ခုနှစ်မှစ၍ အခု ၁၃၇၅ ခုနှစ်အထိ တစ်နှစ်ကို နှစ်ကြိမ်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။တစ်နှစ်တွင်
တပေါင်းလဆန်း (၁၄) မှ တပေါင်းလပြည့်ကျော် (၁၅ ) ရက်နေ့အထိ (၁၅) ရက်ကြာတရား စခန်းပွဲ
တစ်ကြိမ်၊ဝါဆိုလပြည့်ကျော် (၁) ရက်မှ သီတင်းကျွတ် လပြည့်ကျော်(၁)ရက်နေ့အထိ (၃)လကြာ
ဝါတွင်းကာလတရား စခန်းပွဲ တစ်ကြိမ် ဖြင့် တစ်နှစ်တွင် (၂)ကြိမ်ဖွင့်လှစ်ကာ ရန်ကုန်ဖြူးးရိပ်သာမှ
တရားပြဓမ္မကထိက ဆရာတော်များကို ပင့်လျှောက်၍ တရားပြသစေခဲ့ပါတယ်။
ယခုလက်ရှိ ရိပ်သာကိုနှစ်စဉ်မပျက်ဖြစ်မြောက်ရေး ဦးဆောင်ကြိုးပမ်းနေသူမှာ ဆရာလေး ဒေါ်ဣန္ဒစာရီ
ဖြစ်ပါတယ်။
ဆရာလေး ဒေါ်ဣန္ဒစာရီ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
ဆရာလေး
ဒေါ်ဣန္ဒစာရီ ကို အဖ ဦးစိမ်း+အမိ ဒေါ်ဝံ တို့မှ
၁၃၂၄ ခုနှစ် (လ) (ရက်) တွင် ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊လုံးခင်းရက်ကွက်(၁)၌ဖွားမြင်ပြီးဒေါ်တင်ရီ၊ဦးကျော်၊ဦးချော၊ဒေါ်သောင်းကြည်၊ဒေါ်စီစီစိမ်း၊ ဒေါ်မိုးမိုးထွေး ၊ဦးဆက်ဖေ၊ဦးသောင်းဖေ၊ဦးဖိုးသား
ဟူ၍ မွေးချင်း (၉) ယောက်အနက် သမီးအကြီး သမီးဦး သမီးရတနာဖြစ်ပါတယ်။၁၃၄၄ခုနှစ်တွင် လုံးခင်းရွာ
ဦးစံအေးနှင့်အိမ်ထောင်စုံဖက်၍ မချောစုခိုင်၊မကေသီခိုင်၊မသန္တာခိုင်၊မ---ခိုင် သမီး
(၄)ယောက်ထွန်းကားခဲ့ပါတယ်။ ၁၃--ခုနှစ်၊ လ၊ ရက် တွင် ဆရာတော် ဦးဝေပုလ္လကို ဦးပဇ္ဈာယ်ပြု၍
သီလရှင်ဝတ်ကာ သာသနာတော်၏ အရိပ်အာဝါသကိုခိုလှုံခဲ့ပါတယ်။ ၁၃၆၂ ခု ပြာသိုလဆန်း (၁) ရက်နေ့တွင်
မိခင် ဒေါ်ဝံ ကွယ်လွန် ပါတယ်။ မိခင်ကို သမီးတစ်ယောက်အနေဖြင့် အာမိသဖြင့်သာမက ဓမ္မဖြင့်ပါ
ကျေးဇူးဆပ်နိုင်ခဲ့ပါတယ်။
၁၃၆၀ ခု တန်ဆောင်မုန်း လဆန်း (၉) ရက်နေ့မှာ
ဒေါ်ဣန္ဒစာရီ ဟာ နောင်ပူအောင်တောရ ကျောင်းမှာ
တရားအားထုတ်ပါတယ်။
၁၃၆၁ ခု ဒုတိယ ဝါဆိုလပြည့်ကျော် (၁၄) ရက် မှာ
မန္တလေးမှ ချင်းပြည်နယ် ဟားခါး အသွား ဂန့်ဂေါ မြို့နဲ့ (၁၀) မိုင် အကွာမှာ ကားမှောက်သောကြောင့်
ပေါင်းကျိုးခဲ့ရပါတယ်။ထိုဒဏ်ရာကို မန္တလေးမှာ (၆) လလောက် ဆေးကုသခံယူခဲ့ရပါတယ်။
၁၃၆၁ ခု တပေါင်းလဆန်း (၄)ရက် လုံးခင်းပြန်ရောက်လာခဲ့ပြီး၊အသက်(၄၇)နှစ်အရွယ်
၁၃၇၁ ခု ဝါဆိုလဆန်း (၁၂) ရက် နေ့ (၁၈) ရက်ကြာ ချမ်းမြေ့ရိပ်သာ ရန်ကုန်တွင် တရားအားထုတ်ခဲ့ပါတယ်
။
၁၃၇၁ ခု ဝါခေါင်လပြည့်ကျော် (၁၄) ရက် မှာ အရှင်လာဘသာမိ
ကို ကံထပ်ခဲ့ပါတယ်။ ယခုအခါ လုံးခင်းမေဓိကာရာမ ပရိယတ္တိစာသင်တိုက်အတွင်းရှိ ပဋိပတ္တိလုပ်ဆောင်ရာ
တရားရိပ်သာဖြစ်မြောက်ရေးကို နှစ်စဉ်နှစ်တိုင်း အစကနေ အဆုံး ချောမွေ့စွာ ဖြစ်စေဖို့ ကျယ်ကျယ်ပြန့်ပြန့်
တိုးပွားစေဖို့ ကြိုးပမ်းကာ သာသနာပြုလျှက်ရှိပါတယ်။
No comments:
Post a Comment