Wednesday, November 6, 2013

ဗုဒ္ဓဂယာ ဗုံးခွဲမှု အသေးစိတ် ဖေါ်ထုတ် လိုက်ပြီ




၂ဝ၁၃ ဇူလိုင် (၇) ရက်နေ့ မနက် လင်းအားကြီး အချိန် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်ရှိတဲ့ ဗုဒ္ဓမြတ်စွာ
ပွင့်တော်မူရာ မဟာဗောဓိ ညောင်ပင်၊ စေတီတော်ကြီးနဲ့ ဘုးန်းကြီးကျောင်း တွေမှာ ဗုံးတွေ ဆက်
တိုက် ဖေါက်ခွဲခဲ့တဲ့ တရားခံ အစစ်တွေကို ၄-၁၁-၂ဝ၁၃ နေ့က ဖေါ်ထုတ်နိုင် လိုက်ပြီ ဖြစ်တယ်လို့
အိန္ဒိယ ဗဟို စုံစမ်းစစ်ဆေးရေးဌာန NIA ကနေ မနေ့က ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။

NIA ကနေ အိန္ဒိယနိုင်ငံ (ရန်ချီ) မြို့ (ဟင်းဒ်ပီဒိ) ဧရိယာ ကနေ အထောက် အထား စာရွက် စာတမ်း
တွေကို သိမ်းယူနိုင်ရာ ကနေ ဗုဒ္ဓဂယာမှာ ထောင် ခဲ့တဲ့ ဗုံး ၁၃ လုံးရဲ့ အသေးစိတ် အချက် အလက်
တွေကို သိလာရတာ ဖြစ်ပါတယ်။

ဗုဒ္ဓဂယာမှာ ဘယ်နေရာတွေကို ဘယ်သူတွေက ဗုံးထောင်တယ်ဆိုတဲ့ အသေးစိတ်တွေပါပါရှိပါတယ်။

Indian Mujahideen (အိန္ဒိယ-မူဂျာဟီဒင်) အဖွဲ့ကTehsin Akhtar (တက်ဆင် အက်ထား) နဲ့ Haidar
Ali (ဟိုက်ဒါ အလီ) တို့ကနေ စီစဉ်ခဲ့တာလို့ သိလာရပါတယ်။

ဒီအကြမ်းဖက် မွတ်ဆလင်တွေကဘဲ ၂၇-၁ဝ-၂ဝ၁၃ နေ့က ပတ္တနားမှာ ဗုံးခွဲခဲ့ကြာတာ ဖြစ်ပါတယ်။

ပတ္တနားမှာ ဗုံးခွဲခဲ့သူတွေ ထဲက Imtiaz Ansari (အမ်တစ်ဇ် အင်ဆာရီ) ဆိုသူကို ဖမ်းမိ ထားပြီးဖြစ်ပါ
တယ် သူကနေ ဗုဒ္ဓဂယာဗုံးခွဲတာကို (တက်ဆင် အက်ထား) ကလုပ်ခဲ့တာလို့ ဖြောင့်ချက်ပေးပါတယ်။
ဖမ်းဆီးရမိထားတဲ့ ဇယားထဲမှာ ဗုဒ္ဓဂယာ၊ ထိုင်းဘုန်းကြီးကျောင်းမှာ (အမ်တစ်ဇ် အင်ဆာရီ) ကဗုံး
ထောင်ခဲ့တယ်။

Ainul alias Tarique (အိုင်နူးလ်) ခေါ် (တားရစ်) က Targhar Monastery (တာရ်ဂါး) ဘုန်းကြီးကျောင်း
မှာ ထောင်တယ်။ ဒီလူကတော့ ပတ္တနားမှာ ဗုံးထောင်ရင်း ဒဏ်ရာရပြီး သေသွားပြီဖြစ်တယ်။

စီးနင်းခဲ့တဲ့ ဟော်တယ်မှာ တည်းနေတဲ့ Mujib (မူဂျစ်) ဆိုသူလဲ ဗုဒ္ဓဂယာမှာဗုံးထောင်ခဲ့သူတွေထဲက တ
ယောက် ဖြစ်တယ်။ အခုဖမ်းဆီးရရှိတာလဲ ဗုံးပေါင်း ၂၇ လုံးရှိပါတယ်။

ဒေါက်တာတင့်ဆွေ

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ဗုဒ္ဓဂယာ ဗုံးခွဲမှု အသေးစိတ် ဖေါ်ထုတ် လိုက်ပြီ http://www.simon-vlog.com/2013/11/blog-post_8296.html#ixzz2jvrGjsJ3
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook

No comments:

Post a Comment