Wednesday, November 6, 2013

ဖားကန့်တွင် ကမ္ပဏီပိုင်ဧရိယာအတွင်း ကျောက်ရှာသူများ ဖမ်းဆီးခံနေရဟုဆို




                                               ရန်ကုန်၊ နိုဝင်ဘာ ၆။11:03 PM  Aye Chan Mon  No comments  

ကချင်ပြည်နယ် ဖားကန့် ဒေသရှိ ကန့်သတ် ဧရိယာနှင့် ကုမ္ပဏီပိုင် ဧရိယာများတွင်း ကျောက်ရှာမှုကြောင့် တစ်နေ့လျင် လူဦးရေ ၃၀ ခန့် ဖမ်းဆီးခံ နေရကြောင်း နိုင်ဝင်ဘာလ ၆ ရက်နေ့က NDFပါတီမှ ပြောရေး ဆိုခွင့်ရှိသူ ကိုမိုးကျော်က ပြောသည်။

ဖမ်းဆီးခံရသည့်အကြောင်းအရင်းအား
 ယခုအချိန်အထိ မသိရှိသေးဘဲ ဖမ်းဆီးခံရသည့် အထဲတွင် အနယ်နယ် အရပ်ရပ်မှ လာရောက်ကာ အလုပ်လုပ်ကိုင်နေသူ အများဆုံး ပါဝင်နေပြီး ဖားကန့်ဒေသခံ များပါဝင်ကြောင်း ဆက်လက် သိရသည်။

“သူတို့ရဲဘဝတွေက ကျောက်ရှာပြီးတော့မှစားရမယ့်ဘဝတွေ ၊လော်ပန်းတွေက ကျောက်ရှာတဲံဒေသခံတွေကို ရဲနဲ့ဖမ်းခိုင်းလို့ ဖမ်းတာလည်းရှိနေတယ်၊ လော်ပန်တွေကမွေးထားတဲ့သူတွေနဲ့ ဒေသခံတွေရန်ဖြစ်လို့ ဆိုပြီးတော့ ဖမ်းခိုင်းတာလည်းရှိတယ်” ဟု ကိုမိုးကျော်က ပြောသည်။

နေစဉ်ဖားကန့်ဒေသတွင်အလုပ်လာရောက်လုပ်ကိုင်သူနေစဉ်များပြားနေပြီးတစ်နေ့လျင် အနယ်နယ်အ ရပ်ရပ်မှ တက်လာသူ လူဦးရေ ၁၀၀ ခန့်ရှိကြောင်း သိရသည်။

“များသောအားဖြင့်ကတော့ အောက်ပိုင်းကလူတွေများတယ် တစ်ခေါက်တက်လာပြီဆိုရင် လူအယောက် ၁၀၀လောက်ရှိတယ်ဒီမှာနေစရာအိမ်လည်း မရှိဘူး ” ဟု ဖားကန့်ဒေသခံကိုမိုးကျော်ကထပ်လောင်း ပြောဆိုသည်။

ယင်းဖြစ်ရပ်များအပြင် ကျောက်တွင်းပိုင်းသူဌေးများက ခေါ်ယူထထားသော အလုပ်သမားနှင့် ဒေသခံများမကြာခဏ ခိုက်ရန်ဖြစ်ပွာနေမှုများလည်း ရှိနေကြောင်း ကျောက်ရှာဖွေသူ အလုပ်သမားတစ်ဦးက ပြောကြားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဖားကန့်မြို့နယ် ရဲစခန်းနှင့် ဖားကန့်ရဲစခန်းအား အကြိမ်ကြိမ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပါ။

နှင်းနွယ်

No comments:

Post a Comment