Monday, April 7, 2014

မေဓိကာရာမဆိုတာ

ဆဋ္ဌမ လုံးခင်း ဆရာတော်





                           ဆဋ္ဌမ လုံးခင်း ဆရာတော် ဦးမေဓိယျ ပုံတော်
  

 ဆရာတော် ဦးမေဓိယျ ဟာ ဆဋ္ဌမမြောက်  လုံးခင်းဆရာတော် အဖြစ်  ၁၃၂၆ မှ ၁၃၄၆ အထိ နှစ်ပေါင်း (၂၀) တိုင်တိုင်  သာသနာပြုတော် မူခဲ့ပါတယ်။ ဆရာတော် လောင်းလျာ ကို  ၁၂၇၆ ပြာသိုလဆန်း ၂ ရက် ကြာသပတေးနေ့ တွင်း ခမည်းတော် ဦးခိုင်၊မယ်တော် ဒေါ်ပန်းဆိုင် တို့မှ လုံးခင်းရွာမှာ ဖွားမြင်တော်မူပါတယ်။ ဆရာတော်ဟာ လုံးခင်းသာသနာ အတွက် အားကြိုးမာန်တက် ဆောင်ရွက်နေစဉ် ၁၃၄၆ ခုနှစ် တွင် တစ်ဘဝဇာတ်သိမ်း တော်မူခဲ့ပါတယ်။ ဆရာတော်၏ လက်ထက်တော်မှာ သီရိစန္ဒာစေတီ ကို တည်ထားကိုးကွယ်ခဲ့ပါတယ်။ 


သီရိစန္ဒာစေတီတော်

စေတီတော်ကို ၁၃၃၁ ခုနှစ်၊ နတ္တော်လဆန်း  ၁၃ ရက်၊တနင်္လာနေ့ နံနက် ၉ နာရီ ၂၈ မိနစ်၊ ၂၄ စက္ကန့် အချိန် အုတ်မြစ်တော်စီခြင်း၊နတ္တော် လပြည့်ကျော် ၁၄ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီ ၅၆ မိနစ် ၄၄ စက္ကန့် အချိန် ရွှေထီးတော် တင်လှူခြင်း ၊တပေါင်း လပြည့်ကျော် ၉ ရက်နေ့ နံနက်တွင် ဗုဒ္ဓါဘိသေက မင်္ဂလာ သဘင် ဆင်ယင်ကျင်းပ ပူဇော်ခြင်း ပြုခဲ့ကြပါတယ်။ ဥရုချောင်းကမ်း နဖူး စစ်တပ်ကုန်းအနီး မှာ တည်ထားခြင်းဖြစ်ပြီး ဘွဲ့တော်မှာ သီရိစန္ဒာ ဟု အမည်ရ ပါတယ်။ ဥာဏ်တော် ၁၇ တောင်မြင့်ပါတယ်။ စေတီတော်ကို ကျောက်စိမ်းဋ္ဌာန ဦးကိုကိုကြီး နှင့် မန်နေဂျာ အဖွဲ့ မှ မ,တည်ကာ အများကောင်းမှု ဖြင့်တည်ထားကိုးကွယ်ခဲ့ပါတယ်။ ရွှေထီးတော် ဒါယကာမှာ ဦးကိုကို ကြီး ဖြစ်ပါတယ်။

No comments:

Post a Comment