Monday, April 7, 2014

မေဓိကာရာမ ဆိုတာ သတ္တမ လုံးခင်းဆရာတော် ဦးဝေပုလ္လ

သတ္တမ လုံးခင်းဆရာတော် ဦးဝေပုလ္လ




                                       သတ္တမ လုံးခင်းဆရာတော် ဦးဝေပုလ္လပုံတော်


သတ္တမ လုံးခင်းဆရာတော်

ဆရာတော် ဦးဝေပုလ္လ မထေရ်မြတ်ဟာ ၁၃၄၆ ခုနှစ်မှ စ၍ ကျောင်းထိုင် အဖြစ် တာဝန်ယူကာ လုံးခင်းကျောင်း သာသန တာဝန်ကို ထမ်းဆောင်တော်မူခဲ့ပါတယ်။ ဆရာတော်ကို စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊မာန်တင်လေးရွာ၊ခမည်းတော် ဦးကျော်ခိုင်၊ မယ်တော် ဒေါ်လှစိန်တို့မှ ၁၂၉၀ ခု၊ တန်ခူး လပြည့်ကျော် ၁၂ ရက်နေ့တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူပါတယ်။ ဆရာတော်ဟာ ၁၃၄၈ ခုနှစ် မှ စ၍ ဖားကန့်မြို့နယ်( အရင် ကာမိုင်းမြို့ နယ်) မြို့နယ် သံဃနာယက ဥက္ကအဖြစ်တာဝန်ယူကာ သာသန တာဝန်များကို ထမ်းဆောင်ခဲ့ပါတယ်။ ဆရာတော် ရဲ့ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် တို့နှင့် သာသနာပြု ကိစ္စအဝဝတို့ကို ကြည်ညိုလေးစား ပူဇော်သော အားဖြင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး အစိုးရအဖွဲ့ လက်ထက် ၁၃၅၆ ခု (၄-၁-၉၅) နေ့တွင် သာသနာပြု ဆိုင်ရာ “ မဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

  နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ မှ ဆရာတော် ဦးဝေပုလ္လအား 
“ မဟာသဒ္ဓမ္မဇောတိကဓဇ”ဘွဲ့တံဆိပ် ကို ဆက်ကပ်နေစဉ်

 
ရတနာမုနိ ဆုတောင်းပြည့်စေတီ

စေတီတော်ကို ၁၉၉၂ ခု မတ်လ ၁၁ ရက် နေ့တွင် လုံးခင်း ဆရာတော် ရဲ့ သြဝါဒ နဲ့ အညီ ဘုရားဒါယကာ ဦးအောင်လှ+ ဘုရားအမ ဒေါ်ချစ်စိန် မိသားစုတို့မှ ငွေကျပ် ၁၀ သိန်း မ, တည်ကာ အများကောင်းမှုဖြင့် တည်ထားကိုးကွယ် ခဲ့ပါတယ်။ ၂၀-၅-၉၂ မှာ ပြီးစီးအောင်မြင်ပါတယ်။ ၁၃၅၄ ခု၊တပေါင်းလပြည့်နေ့တွင် ဗုဒ္ဓါဘိသေက မင်္ဂလာ သဘင် ဆင်ယင် ကျင်းပပူဇော်ပါတယ်။ ဥာဏ်တော် ၁၈ တောင် ၁ မိုက် ဖြစ်ပါတယ်။ ဘွဲ့အမည်မှာ ရတနာမုနိ ဆုတောင်းပြည့် စေတီ ဟု အမည်ရပါတယ်။
ကာလတန်ဖိုး ၁၃ သိန်းခန့် ကုန်ကျ ပါတယ်။

ေေ

No comments:

Post a Comment