Monday, April 7, 2014

မေဓိကာရာမ ကျောင်းတိုက်

မေဓိကာရာမ ကျောင်းတိုက် ပင်မကျောင်းဆောင်



   မေဓိကာရာမကျောင်းတိုက် ကို ဆဋ္ဌမမြောက် ဆရာတော် ဦးမေဓိယျ လက်ထက် မှာ အကျိုးတော်ဆောင် ဦးဃောသိတ က ဦးစီးကမကထပြုလျှက် ငွေ ၆၀၀၀ မ,တည်ကာ လုံးခင်းဒါယကာ+ဒါယိကာမများ
 ပေါင်းစုကောင်းမှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ပရိယတ္တိစာသင်တိုက် ကို ဆရာတော် ဦးဝေပုလ္လ လက်ထက်မှာ စတင်ကာ တည်ထောင်ခဲ့ပြီး၊ အခု လက်ရှိဆရာတော် ဦးနန္ဒောဘာသ လက်ထက်မှာ ဆိုင်းဘုတ်တပ်ဆင်ကာ မူလထက် တိုးတက် ပြန့်ပွားအောင် အားထုတ်ဆောင်ရွက်လျှက်ရှိပါတယ်။ ထိုအချိန်က သစ်အတွက် အခက်အခဲကို လွယ်ကူစွာ ရယူနိုင်ဖို့ ကျောင်းတည်ဆောက်စဉ် ကာလအတွင်း အသုံးပြုရန်  ဆင်မကြီး တစ်ကောင်ကို အခု ရိပ်သာကျောင်း ဒါယကာ ဦးကျော် ရဲ့ မိဘများ ဖြစ်တဲ့ ဦးစိမ်း+ ဒေါ်ဝံ တို့ကနေ လှူဒါန်းခဲ့ပါတယ်။ ဆင်မကြီးရဲ့ နာမည် “ မအောင်” ကို အစွဲပြုကာ အခုအခါ ပင်မ ကျောင်းဆောာင် ရဲ့  အတွင်းတံခါး အဝင်ဝမှာ “ကျောင်းအစ်မ ဆင်မကြီး မအောင်” နာမည်ပါ ဆေးရေး ပန်းချီ ကားချပ်ကို အမှတ်တရအဖြစ်တွေ့မြင်နိုင်ပါတယ်။



 ကျောင်းဆောင်ကြီး စတင်ဆောက်လုပ်စဉ်က လုံးခင်းရွာသူ+ရွာသား အားလုံး မိမိတို့ စွမ်းနိုင်သည့်ဖက်ကနေ အုတ်၊ကျောက်၊ထုံး အတွက် လူအားဖြင့် ကူညီပေးခဲ့ကြပါတယ်။ ကျောင်းဆောင်ကြီး ကို မြင်ရတဲ့ အခါတိုင်း ထိုအချိန်က ပါဝင်ခဲ့ရသော မိမိကုသိုလ်ကို မြင်လည်မြင်ယောင်မိရင်း ကုသိုလ်အသစ်ထပ်မံဖြစ်စေပါတယ်။
               

No comments:

Post a Comment