Monday, April 7, 2014

မေဓိကာရာမ ဆိုတာ လက်ရှိလုံးခင်း ဆရာတော် ဦးနန္ဒောဘာသ (ဂန္ထဝါစက ပဏ္ဍိတ)

           လက်ရှိလုံးခင်း ဆရာတော် ဦးနန္ဒောဘာသ (ဂန္ထဝါစက ပဏ္ဍိတ)

        လက်ရှိလုံးခင်း ဆရာတော် ဦးနန္ဒောဘာသ (ဂန္ထဝါစက ပဏ္ဍိတ) ပုံတော်


လက်ရှိလုံးခင်းဆရာတော်

ဆရာတော်သည် စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့နယ်၊ အောင်သာကုန်းကျေးရွာ၌ ၁၃၁၆ ခုနှစ်၊တော်သလင်းလပြည့်ကျော် (၆)ရက်၊နာရီပြန် (၂)ချက်တီးကျော်၊စနေနေ့တွင် ဖွားမြင်တော်မူသည်။ ဆရာတော်၏ ခမည်းတော်နှင့် မည်တော်တို့မှာ ဦးဘဒင် နှင့် ဒေါ်အုန်း ဖြစ်သည်။ မွေးချင်းညီအစ်ကို (၆)ဦး အနက် အလွန်ထူးခြားသော အတိဇာတ သားလှရတနာဖြစ်ပါသည်။

ပဗ္ဗဇ္ဇအမွေခံယူ။         ။ဆရာတော်သည် အသက် (၇) နှစ်အရွယ်တွင် အောင်သာကုန်းကျေးရွာ ရွာဦးဆရာတော်ကြီး ဘဒ္ဒန္တပဏ္ဍိတ မထေရ်မြတ်ထံတော် ၌ သာသနာတော်၏  အခြေခံ အုတ်မြစ်ဖြစ်သော ပရိတ်ကြီး၊ နမက္ကာရ၊ရတနာရွှေချိုင့်၊သဒ္ဒါ၊သင်္ဂြိင်္ိင်္ိင်္ိင်္ိင်္ိင်္ိင်္ိုဟ်၊ အစရှိသည့် စာဝါများကို မှတ်သားနာယူ ဆည်းပူးတော် မူခဲ့ပါသည်။ ၁၃၃၀ ပြည့်တွင် ပဓာန နာယကဆရာတော် ဘုရားကြီး၏ ဥပနိဿယကို ခံယူ၍ ခမည်းတော် ဦးဘဒင်၊မယ်တော် ဒေါ်အုန်းမေဘို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေ အဖြစ်သို့ရောက်တော်မူခဲ့သည်။ရှင်သာမဏေ ဘွဲ့အမည်မှာ ရှင်နန္ဒောဘာသပင် ဖြစ်ပါသည်။

ပညာသင်ယူဆည်းပူးခြင်း။      ။၁၃၃၅ ခုနှစ်မှ စ၍ ဆရာတော်သည် မန္တလေးမြို့၊အမရပူရမြို့နယ်၊မဟာဂန္ဓာရုံ ကျောင်းတိုက်နာယက ဆရာတော် ဘဒ္ဒန္တဇနကာဘိဝံသ အရှင်မြတ်ထံတော်၌လည်းကောင်း၊မဟာအောင်မြေမြို့နယ် မယ်ဇယ်တိုက်၊(ယခု အဝေရာရာမ ရန်ကင်း ပရိယတ္တိစာသင်တိုက် ) ဦးဝိဝေကာ ဘိဝံသ အထံတော်၌ လည်းကောင်း၊ ရန်ကုန်မြို့ ၊မရန်းကုန်း မြို့နယ်၊ မြစံပယ်လမ်း၊ ဝိဇ္ဇောတာရုံ စာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ စန္ဒိမာ (သိရောမဏိ )    အထံတော်၌ လည်းကောင်း၊ မိုးကောင်းမြို့ မဇ္ဈိမာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဦးတိလောက (အဘိဓဇမဟာရဋ္ဌဂုရု) အထံတော်၌လည်းကောင်း မူ၊ငယ်၊လတ်၊ကြီး အထက်တန်း ဓမ္မာစရိယ ပရိယတ္တိ စာပေများကို သင်ယူ ဆည်းပူးခဲ့ပါသည်။

အောင်မြင်မှု အဆင့်ဆင့် ဂုဏ်ရည်တင့်။        ။ ဆရာတော်သည် ၁၃၃၈ ခုနှစ် အစိုးရမူလတန်း၊၁၃၃၉ ခုနှစ် အစိုးရ ပထမငယ်တန်း၊၁၃၄၉ ခုနှစ် အစိုးရ ပထမလတ်တန်း၊၁၃၄၇ ခုနှစ် အစိုးရ ပထမကြီးတန်းကို အောင်မြင်တော်မူခဲ့သည်။ ကချင်ပြည်နယ်လုံးဆိုင်ရာ ဝိနယ သဒ္ဓမ္မပါလ စာမေးပွဲကြီးတွင် ဝိနယ ဝိသာရဒဘွဲ့၊ဝိနယ မဟာဝိသာရဒဘွဲ့ တို့ကို ဆွက်ခူးအောင်မြင်တော် မူခဲ့သည်။ ဆက်လက်၍ ပိဋကတ် သုံးပုံ၊ နိကာယ်ငါးရပ်တို့တွင် အပါအဝင်ဖြစ်သည့် အထက်တန်း ဓမ္မာစရိယ စာပေများကို ဆက်လက် အားထုတ် ဆည်းပူးအောင်မြင်တော်မူခဲ့ပါသည်။

သာသနာ့ဝန်ထမ်း လက်ဆင့်ကမ်းယူ။            ။အထက်တန်း ဓမ္မာစရိယ စာပေများကို သင်ယူနေစဉ် မိုးကောင်းမြို့ အလယ်ကျောင်း မဇ္ဈိမရာမ ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တတိလောက ၏ တိုက်တွန်းချက်အရ စာချနာယက သံဃဝေယျာဝေစ္စအဝဝတို့ကို လက်ဆင့်ကမ်း၍ ခံယူခဲ့ပါသည်။၁၃၅၁ ခုနှစ်တွင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ မေဓိကာရာမကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ဝေပုလ္လ (မဟာသဒ္ဒမ္မဇောတိကဓဇ) ခြေတော်ရင်း၌ စာပေပညာသင်ယူရင်းကျေးရွာ တပည့် ဒါယကာ ဒါယိကာမ ရွာသူရွာသားတို့အား အဘိဓမ္မာသင်တန်း၊ဓမ္မစကြာ၊အခြေခံ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာပေများကို ပို့ချတော်မူခဲ့ပါသည်။
           
သာသနာပြုကျောင်းထိုင်မှု။     ။ဆရာတော်သည် သက္ကရာဇ် ၁၃၆၇ ခုနှစ်၊ကဆုန်လဆန်း (၄) ရက်မှ စတင်၍ ယနေ့အထိ လုံးခင်းမေဓိကာရာမ ပရိယတ္တိစာသင်တိုက်၌ သီတင်းသုံး၍ သာသနာပြု ဆောင်ရွက်တော်မူခဲ့သည်။ ဆရာတော်သည် ၁၃၆၂ ခုနှစ်တွင် မြို့နယ်ဝိနည်းဓိုရ် အဖြစ်လည်းကောင်း၊၁၃၆၁ ခုနှစ်တွင် လုံးခင်းကျေးရွာအုပ်စု သံဃနာယက ဥက္ကဋ္ဌအဖြစ် လည်းကောင်း တာဝန်များကို ယနေ့တိုင် ထမ်းဆောင်လျှက်ရှိပါသည်။

ဘွဲ့တံဆိပ်တော် အလှူခံ အလှူခံရရှိခြင်း။       ။ဆရာတော်သည် သာသနာ့တာဝန်၊
သံဃတာဝန် အသီးသီးတို့ကို ထမ်းဆောင်တော်မူစဉ် နိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာနတို့မှ “ ဂန္ထဝါစက ပဏ္ဍိတ” ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
 
         ဆရာတော် ဦးနန္ဒောဘာသ ဂန္ထဝါစက ဘွဲ့ ဆက်ကပ်မှုကို လက်ခံအလှူ ခံနေစဉ်

 ဆရာတော် ဦးနန္ဒောဘာသ အား နိုင်ငံတော်မှ ဆက်ကပ်သည့် ဂန္ထဝါစက ဘွဲ့တံဆိပ်ပုံ

ဆရာတော် ဦးနန္ဒောဘာသ၊ ဦးဝင်းမြင့်၊ ဦးနေမျိုးဇော်

 ၂၀၁၀ ဖားကန့် နှစ်ပတ်လည် မဂ္ဂဇင်းတွင် ဖော်ပြခြင်းခံရသော လုံးခင်းဆရာတော်
 ၂၀၁၀ ဖားကန့် နှစ်ပတ်လည် မဂ္ဂဇင်းတွင် ဖော်ပြခြင်းခံရသော လုံးခင်းဆရာတော် ၏ အတ္ထုပ္ပတ္တိ နှင့်သာသနာအတွက် ဆောင်ရွက်ချက်များ အကျဉ်းချုပ်

No comments:

Post a Comment