THE WEAK SUCCUMB TO TEMPTATION BUT NOT THE STRONG
Subānupassiṁ viharantaṁ
Indriyesu asaṁvutaṁ
Bhojanamhi amattaññum
Kusitam hinaviriyaṁ
Taṁ ve pasahati māro
vātosakkaṁ’va dubalaṁ 7
Asubānupassiṁ viharantaṁ
Indriyesu susaṁvutaṁ
Bhojanamhi ca mattaññuṁ
Saddhaṁ āraddhaviriyaṁ
Taṁ ve na ppasahati māro
Vātoselaṁ’va pabbataṁ. 8
Whoever lives contemplating pleasant things,
With sences unrestrained, in food immoderate, indolent, inactive, him verily Māra overthrows, as the wind(overthrows) a weak three. 7
Whoever lives contemplating ‘ the Impurities’, with sences restrained, in food moderate, full of faith, full of sustained energy, him Māra over throws not, as the win (does not overthrow) a rocky mountain. 8
1:6 The fate of Māhākāla and Culakāla who become monks
Mahākāla and Culākāla were two merchant brothers. While travelling about selling their merchandise they had the opportunity to listen to a discourse given by the Buddha. After hearing the discourse Mahākāla became a bikkhu by convition while Cūlakāla also became abikkhu but with any faith.
Mahākā was serious in his meditation and diligenty meditated on decay and impermanence of the body at the cemetery. He finally gained insight and attained Arahanthood. Culakāla was not interested in spiritual development and was constantly thinking of sensual pleasures.
Later, The Buddha and his disciples, including the two brothers, happened to be staying in the forest of Simsapā. While staying there, the former wives of Cūlakāla invited the Buddha and his disciples to their house. Cūlakāla himself went ahead to prepare seating arrangements for the Buddha and his disciples. The former wives of cūlakāla manged to persuade him to return to a householder’s life.
The next day, the wife of elder of brother invited the Buddha and his disciples to their house hopping to do with Mahākāla what the wives of cūlakāla had done. After the meal they requested the Buddha to let Mahākāla remain to express appreciation ( Anumodanā). So the Buddha and the other Bhikkhus left leaving behind Mahākāla.
Arriving at the village gate the bhikkhus expressed their apprehension that Mahākāla would be persuaded by his former wives to leaves the order as had happened to Cūlakāla. To this, the Buddha replied that the two brothers were different. Culakāla, indulged in sensual pleasures and was weak minded.
Mahākāla,on the other hand, being free of sencual pleasures, was diligent, steadfast and strong in his faith in the Buddha, the Dhamma and the Sangha. The Buddha said the weak succumb to temptation but not the strong.
အားနည်းခြင်းဟာ အနိုင်ယူမှုကို ခံရနိုင်ပြီး အားကောင်းမှုက အနိုင်ယူမှုကို မခံရနိုင်
သုဘာနုပဿိံ ဝိဟရန္တံ, ဣန္ဒြိယေသု အသံဝုတံ။
ဘောဇနမှိ စာမတ္တညုံ၊ ကုသီတံ ဟီနဝီရိယံ။
တံ ဝေ ပသဟတိ မာရော၊ ဝါတော ရုက္ခံဝ ဒုဗ္ဗလံ။ ၇
အသုဘာနုပဿိံ ဝိဟရန္တံ၊ဣန္ဒြိယေသု သုသံဝုတံ။
ဘောဇနမှိ စ မတ္တညုံ၊သဒ္ဓံ အာရဒ္ဓဝီရိယံ။
တံ ဝေ နပ္ပသဟတိ မာရော, ဝါတော သေလံဝ ပဗ္ဗတံ။ ၈
သာယာဖွယ် အရာများကို အာရုံပြုစဉ်းစားရင်း နေထိုင်သူ
ထိန်းသိမ်း၍ မနိုင်သော အာရုံများ နဲ့ နေထိုင်သူ၊
အစားအသောက်မှာ လွန်ကြူးသူ၊
ပျင်းရိသူ လှုပ်လှုပ်ရှားရှား မရှိသူ၊
လေသည် အားနည်းသော သစ်ပင်ကို နှိပ်စက် ဖျက်ဆီးသကဲ့သို့
ထိုသူကို မာရ်နတ်က နှိပ်စက်ဖျက်ဆီး၏။ ၇
မတင့်တယ်ခြင်းကို အာရုံပြုရင်း နေထိုင်သူ
ထိန်းသိမ်းသော အာရုံများနဲ့ နေထိုင်သူ
အစားအစာမှာ မလွန်ကြူးသူ
အပြည့်အဝ ယုံကြည်မှုရှိသူ
လုံ့လစွမ်းအားပြည့်ဝသူ
လေသည် ကျောက်တောင်ကို မနှိပ်စက် မဖျက်ဆီးနိုင်သကဲ့သို့
ထိုသူကို မာရ်နတ်က မနှိပ်စက် မဖျက်ဆီးနိုင်။ ၈
၁း၆ ရဟန်းဖြစ်လာကြတဲ့ မဟာကာဠ နဲ့ စူဠကာဠတို့ရဲ့ ကံကြမ္မာ
မဟာကာဠ နဲ့ စူဠကာလတို့ဟာ ကုန်သည်ညီအစ်ကို နှစ်ယောက်ဖြစ်ကြပါတယ်။
သူတို့ကုန်ပစ္စည်းများ ရောင်းခြင်းနဲ့ပတ်သက်လို့ လှည့်လည်သွားလာခိုက်
ဗုဒ္ဓက ပေးတဲ့ တရားဒေသနာတစ်ခုကို နာကြားဖို့ သူတို့ အခွင့်အရေးရခဲ့တယ်။
တရားနာကြားပြီးတဲ့နောက် မဟာကာဠဟာ စေတနာဖြင့် ရဟန်းတစ်ပါးဖြစ်လာတယ်။ ဒါပေမယ့် စူဠကာဠ လည်း ယုံကြည်မှု အနည်းငယ်နဲ့ ရဟန်းဖြစ်လာတယ်။
မဟာကာဠဟာ ဝိပဿနာတရားကို ပြင်းပြင်းထန်ထန် အားထုတ်ပြီး သုဿာန်မှာ ခန္ဓာကိုယ်ရဲ့ အိုမင်းမှု မမြဲမှု အပေါ် တရားကို စွဲစွဲမြဲမြဲ အားထုတ်ထားပါတယ်။
နောက်ဆုံး သူဟာ ထိုးထွင်းသိမြင်နိုင်စွမ်းသော ဥာဏ်ကို ရရှိပြီး ရဟန္တာအဖြစ်သို့ တက်ရောက် ခဲ့ပါတယ်။
စူဠကာဠဟာ ဝိပဿနာတရား အားထုတ်ရာမှာ စိတ်ဝင်စားမှု မရှိပါဘူး။ သူဟာ အမြဲတမ်း သာယာဖွယ် အာရုံများကို တွေးတောနေပါတယ်။
နောက်တော့ ဗုဒ္ဓ နဲ့ ညီအစ်ကို နှစ်ယောက်အပါအဝင် ဗုဒ္ဓရဲ့တပည့်များဟာ သိံသပါတောထဲမှာ နေထိုင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။
အဲဒီမှာ နေထိုင်စဉ် စူဠကာဠရဲ့ မယားဟောင်းတွေက သူတို့အိမ်ကို ဗုဒ္ဓ နဲ့ သူ့ရဲ့တပည့်များကို ပင့်ဖိတ်ပါတယ်။
ဗုဒ္ဓ နဲ့ နောက်ပါသံဃာများ အတွက် နေရာထိုင်ခင်း စီစဉ်မှု ပြင်ဆင်ဖို့ စူဠကာဠကိုယ်တိုင် ဦးဆောင် သွားပါတယ်။
စူဠကာဠ ရဲ့ မယားဟောင်းများက သူ့ကို အိမ်ရှင် ရဲ့ ဘဝကို ပြန်လာဖို့ ဖျားယောင်းရန် စီစဉ်ကြပါတယ်။
နောက်နေ့ အစ်ကိုရဲ့ မယားဟောင်းက စူဠကာဠ မယားဟောင်းများ လုပ်ဆောင်သလို မဟာကာဠ နဲ့ လုပ်ဆောင်ဖို့ မျှော်လင့်ရင်း သူတို့အိမ်ကို ဗုဒ္ဓ နဲ့ နောက်ပါသံဃာများကို ပင့်ဖိတ်ပါတယ်။
ဆွမ်းစားပြီးတော့ ကျေးဇူးတင်ခြင်း (အနုမောဒနာ) ကို ဖော်ပြဖို့ မဟာကာဠကို ချန်ထားရန် သူတို့က ဗုဒ္ဓအထံမှာ တောင်းဆိုကြတယ်။
ဒါကြောင့် ဗုဒ္ဓ နဲ့ အခြား ဘိက္ခုများဟာ မဟာကာဠ ကို နောက်ချန်ထားခဲ့ကာ ထွက်ခွါခဲ့ကြတယ်။
ရွာတံခါးပေါက်ရောက်လျှင်ရောက်ချင်း ဘိက္ခုများက စူဠကာဠ ဖြစ်ခဲ့သလို မဟာကာဠကို သာသနာမှ ထွက်ဖို့ သူ့ရဲ့ မယားဟောင်းများက ဖျားယောင်းခံရဦးမယ် ဆိုတဲ့ သူတို့ရဲ့ စိုးရိမ်
မှုကို ဖော်ပြခဲ့ကြပါတယ်။
ဒါကြောင့် ညီအစ်ကို နှစ်ယောက်ဟာ မတူကြဘူးလို့ ဗုဒ္ဓက ရှင်းပြပါတယ်။
စူဠကာဠ ဟာ ကာမအာရုံမှာ မွေ့လျော် ပြီး အားနည်းတဲ့ စိတ် ရှိတယ်။
ဒါ့အပြင် ကာမအာရုံရဲ့သာယာခြင်းမှ လွတ်မြောက်ပြီးဖြစ်တဲ့ မဟာကာဠ ဟာ လေးနက်မှုရှိတယ်၊တည်ကြည်မှုရှိတယ်။ ဗုဒ္ဓ ဓမ္မ သံဃ ယုံကြည်မှုမှာ သန်မာတယ်။
အားနည်းခြင်းဟာ ဖျားယောင်းခြင်းကို ခံရပြီး အားကောင်းမှုဟာ ဖျားယောင်းမှုကို မခံရနိုင်ဘူး လို့ ဗုဒ္ဓက မိန့်ပါတယ်။
No comments:
Post a Comment