အားမာန်
အဆန်လမ်းပေမို့ လေကြမ်းလို့
လှိုင်းကထန်
မုန်တိုင်းဒဏ်ခံကာလူး
ကူးခဲ့ရပြန်
မြစ်အတွင်းလှေတစ်စင်းနဲ့
သူအားမာန်
ကမ်းထံသို့
လှော်ကာကူး
လှေလူးလို့
ရွက်မပါ တက်ဗလာဖြစ်သော်လည်း
ကမ်းဆိုတာမှန်းစရာ
သူ့အသက်
လမ်းခုလပ်မှာ
ရပ်နိုင်ဘဲ
ကူးခတ်နေဆဲ။ ။
(ဒိုးလုံး၊
လုံးခင်း)
0 comments:
Post a Comment