Sunday, July 6, 2014

The Dhammapada ဓမ္မပဒ ဘာသာပြန် ၁း၁



The Dhammapada
YAMAKA VAGGA
The twin Verseve

EVIL BEGETS EVIL
Mano pubbaṅ gamā dhammā
Mano seṭṭhā manomayā
Manasā ce paduṭṭhena
Bāsati vā karoti vā
Tato naṁ dukkhamanweti
Cakkaṁ’va vahato padaṁ . 1

Mind is the forerunner of (all evil) states.
Mind is chief; mind-made are they.
If one speaks or acts with wicked mind,
because of that, suffering follows one,
Even as the wheel follows the hoof of the draught-ox. 1

ဓမ္မပဒ
ယမကဝဂ္ဂ
နှစ်ခုတစ်စုံ စာပိုဒ်များ

မကောင်းမှု ပြုလုပ်က မကောင်းမှု ရ
မနောပုဗ္ဗင်္ဂမာ ဓမ္မာ
မနောသေဋ္ဌာ မနောမယာ
မနသာ စေ ပဒုဋ္ဌေန
ဘာသတိ ဝါ ကရောတိဝါ
တတော နံ ဒုက္ခမနွေတိ
စက္ကံဝ ဝဟတော ပဒံ

စိတ်သည် (မကောင်းမှု) အရာအားလုံးတို့၏ ရှေ့သွားဖြစ်၏
စိတ်သည် အကြီးအကဲဖြစ်၏၊ စိတ်ဖြင့်ပြီးကုန်၏။
တစ်ဦးတစ်ယောက်သည် မကောင်းသောစိတ်ဖြင့် ပြုလုပ်၏၊ပြောဆို၏။
ထိုသို့ပြုလုပ် ပြောဆိုခြင်းကြောင့်
လှည်းကိုဆွဲသော နွား၏ ခြေရာနောက်သို့
လှည်းဘီးသည် အစဉ်လိုက်သကဲ့သို့
ဆင်းရဲမှု သည် ထိုသူ၏နောက်သို့ အစဉ်လိုက်၏။

1:1 An Arahant who had lost his eyesight (Cakkapāla)
One day, venerable cakkupala who blind came to pay Buddha at the jetavana monastery.
While he was pacing up and down in meditation, he accidentally stepped on some insects.
In the morning, some Bukkhu visiting him found the death insects.
They though ill of him and reported the matter to the Buddha.
When questioned by the Buddha whether they had seen Culapāla killing the insects, they answered in the negative.
The Buddha then admonished them, ‘just you had no seen him killing, so also he had not seen those living insects.
Besides, being an Arahant he had no intention of killing and was not guilty of committing an unwholesome act.’
On being asked why Cakkupāla was blind, the Buddha revealed the follwing story to explain the nature of Kammic effects.
Cakkupāla had been a physician in one of his existences.
Once, he had deliberately made a woman patient blind.
That woman had promised to become his servant together with children if her eyes were completely cured.
Fearing that she and her children would had to become servants, she lied to the physician.
She told him that her eyes were getting worse when, in fact, they were perfectly cured.
The physician knew she was deceiving him, so in revenge, he gave her another ointment which made her totally blind.
As a result of his evil deed the physician lost his eyesight many times in his later existences.
The Buddha then commented that an evil deed committed will follow the evildoer just like a wheel follows the hoof of the ox that bears the yoke.

မျက်စိအမြင်ဆုံးရှုံးသူ ရဟန္တာ တစ်ပါး (စက္ခုပါလ)
တစ်ခါက မျက်မမြင် စက္ခုပါလမထေရ်ဟာ ဇေတဝန်ကျောင်းမှာ ရှိတဲ့ ဗုဒ္ဓကို ဖူးမျှော်ဖို့ လာခဲ့ပါတယ်။
သူဟာ စင်္ကြံလျှောက် တရား အားထုတ်စဉ် မတော်တဆ ပိုးမွှားများကို မတော်တဆ နင်းမိခဲ့တယ်။
မနက်ခင်းမှာ သူ့အထံလာလည်တဲ့ရဟန်းအချို့ဟာ သေနေတဲ့ ပိုးမွှားများ ကို တွေ့ခဲ့ပါတယ်။
သူတို့က သူ့ရဲ့မကောင်းမှုလို့ တွေးတောခဲ့ပြီး ဗုဒ္ဓအထံ ဒီအကြောင်းအရာကို လျှောက်ကြားခဲ့တယ်။
ဗုဒ္ဓက စက္ခုပါလမထေရ် ပိုးမွှားများသတ်နေတာ သူတို့ မြင် မမြင်မေးပြီးတဲ့အခါ သူတို့က မမြင်ကြောင်း ဖြေဆိုခဲ့တယ်။
ထို့နောက် သင်တို့ဟာ သူ သတ်နေတာကို မမြင်ကြသလို သူကလည်း အသက်ရှိတဲ့ အဲဒီ ပိုးမွှားများကို မမြင်ကြဘူး လို့ ဗုဒ္ဓက သူတို့ကို ဆုံးမစကား ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ရဟန္တာတစ်ပါးဖြစ်တဲ့သူဟာ သေစေခြင်းစေတနာ မရှိဘူး။ မကောင်းမှု ပြုလုပ်ခြင်းကို စေတနာဖြင့် လွန်ကျူးခြင်းမရှိဘူး။
စက္ခုပါလမထေရ်ဟာ ဘာကြောင့် မျက်စိမမြင်ရတာလဲလို့ မေးမြန်းခြင်းအပေါ် ကမ္မအကျိုးဆက်ရဲ့ သဘာဝကို ရှင်းပြဖို့ အောက်ဖော်ပြပါ ဖြစ်စဉ်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
တစ်ခုသောဘဝမှာ စက္ခုပါလဟာ ဆေးဆရာတစ်ယောက် ဖြစ်ပြီးခဲ့တယ်။
တစ်ခါမှာ သူဟာ လူနာအမျိုးသမီးတစ်ယောက်ကို မျက်စိမမြင်အောင် တမင်သက်သက် ပြုလုပ်ပြီးခဲ့ပြီ။
သူမမျက်စိကို ပြီးဆုံးအောင် ကုသခဲ့ရင် အဲဒီ အမျိုးသမီးဟာ ကလေးများနဲ့ အတူ သူ့ရဲ့ကျွန်ဖြစ်ဖို့ ကတိပြုခဲ့ပြီးပြီ။
သူမ နဲ့ သူမရဲ့ ကလေးများ ကျွန်များ ဖြစ်ရမှာကို ကြောက်ခြင်းကြောင့် သူမဟာ ဆေးဆရာကို လိမ်ပြောခဲ့တယ်။
မျက်စိများကို အပြည့်အစုံ ကုသခဲ့မည့်အစား သူမရဲ့ မျက်စိများဟာ ပိုဆိုးလာတယ်လို့ သူမက သူ့ကိုပြောပါတယ်။
ဆေးဆရာကသူမဟာ သူ့ကို လိမ်လည်နေတယ်ဆိုတာ သိခဲ့တယ်။ လက်တုံ့ပြန်လိုသောကြောင့် သူက သူမအား လုံးဝကန်းစေတဲ့ အခြားဆေးကို ပေးခဲ့ပါတယ်။
သူ့ရဲ့ မကောင်းမှု အကျိုးရလာဒ်အဖြစ် ဆေးဆရာဟာ သူ့ရဲ့နောက်ဆုံးဘဝအထိ အကြိမ်များစွာ သူ့ရဲ့ အမြင် ဆုံးရှုံးခဲ့တယ်။
ထို့နောက် ဗုဒ္ဓက လှည်းဘီးဟာ ထမ်းပိုးကိုထမ်းတဲ့ နွားရဲ့ခွါနောက်ကို လိုက်ပါသလို လွန်ကျူးခဲ့တဲ့ မကောင်းမှုတစ်ခုဟာ မကောင်းမှုပြုသူနောက်ကို လိုက်လိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

(အင်္ဂလိပ်ဝါကျရေးသားနည်းများ ကို လေ့လာနေ၍ မြန်မာဘာသာပြန်ကို ချောမောအောင် ပြန်ဆိုခြင်းမပြုပဲ အင်္ဂလိပ်ဝါကျ အရှိအတိုင်း မြန်မာပြန်ပါတယ်)

Author Box

Hi, We are templateify, we create best and free blogger templates for you all i hope you will like this lightly template we have put lot of effort on this template, Cheers, Follow us on: Facebook & Twitter

  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments:

Post a Comment