|
|
ANGER IS CONQUERED BY LOVE
Nahi verena verāni sammamti’dha kudāsanaṁ
Averena ca sammanti esa dhammo sanantano 5
Hatreds never cease through hatred in this world;
Thought love alone they cease. This is an eternal law.
1:4 The bitter feud through various existences (Kāla Yakkhini)
Once there lived a householder, whose wife was barren. Being unable to bear a child and afraid that she would be mistreated by her husband and her mother-in-law, she herself selected and arranged for her husband and her to marry another woman. But on two occasions, as soon as she knew the second wife was pregnant, the barren wife gave her food mixed with drugs causing her to have miscarriages. On the third pregnancy, the fruitful wife kept it to herself without information the barren wife. But when the latter came to know about it, she again caused an abortion. Eventually the second wife died in childbird. Before her death, the unfortunate woman was filled with hatred and vowed vengeance on the barren wife and her future offspring. Thus the feud started.
Among their later existence the two were reborn as a hen a cat; a doe a leopardess; and finally as a daughter of a nobleman in Sāvatti and ogress. One day the demon (kāla Yakkhini) was in hot pursuit of the nobleman’s daughter and her baby. When the lady heard that the Buddha was giving a religious discourse at jetavana monastery, she fled to him and placed her son at his feet for protection. The demon was thus prevented from entering the monastery. She was later called in and both the lady and the ogress were admonished by the Buddha. The Buddha told them about their past feud as rival wives and how they had been harbouring hatred towards each other and killing each other’s offspring through their various lives. They were made to see that hatred could only cause more hatred, and that it could only cease through friendship, understanding and goodwill. Both realized their mistakes, and on the admonition of the Buddha, made their peace with each other. The Buddha then requested the woman to hand over her son to the ogress. Fearing for the safety of her son, she hesitated, but because of her devotion and confidence in the Enlightened One she handed over her son as directed.
The child was warmly received by the ogress. After kissing and caressing the child tenderly like her very own son, the ogress handed over the child back to his mother. As a result of this episode, there was much goodwill on both sides.
မေတ္တာက ဒေါသကို အောင်နိုင်တယ်
နဟိဝေရေန ဝေရာနိ သမန္တိဓ ကုဒါစနံ
အဝေရေန စ သမန္တိ ဧသဓမ္မော သနန္တနော ၅
ဤလောကမှာ ဒေါသဖြင့် ဒေါသကို မရပ်စဲနိုင်
သို့သော် ဒေါသကို မေတ္တာဖြင့်သာ ရပ်စဲနိုင်၏။
ဒါဟာ ရှေးဟောင်းဥပဒေသ တစ်ခုဖြစ်တယ်။ ၅
ဘဝများစွာတစ်လျှောက်လုံး နာကြည်းတဲ့ ရန်ငြိုးရန်စ ( ကာဠယက္ခိနီ)
တစ်ခါက အိမ်ရှင်တစ်ယောက်ရှိပါတယ်။ သူရဲ့ဇနီးက ကလေးမရ အမြုံမ ဖြစ်တယ်။
ကလေးမွေးမပေးနိုင် သူမရဲ့ယောက်ျား နဲ့ ယောက္ခမ များက နှိပ်စက်မှာကို စိုးရိမ်သောကြောင့် အခြားသော မိန်းမတစ်ယောက်နဲ့ လက်ထပ်ဖို့ သူမကိုယ်တိုင် ရွေးချယ်ပြီး သူမရဲ့ ယောက်ျား နဲ့ ထိုအမျိုးသမီး အတွက် စီစဉ်ပါတယ်။
ဒါပေမယ့် နှစ်ခါ မယားငယ် ကိုယ်ဝန်ရှိတာကို သိလျှင်သိခြင်း မြုံတဲ့ မယားကြီးက မယားငယ်ကို ကိုယ်ဝန်ပျက်ကျစေဖို့ ဆေးနဲ့ရောထားတဲ့ အစားအစာကို ပေးပါတယ်။
တတိယ ကိုယ်ဝန်ရတော့ ဖြစ်စဉ်ကိုသိတဲ့ မယားငယ်ဟာ မြုံတဲ့ မယားကြီးကို (ကိုယ်ဝန်ရှိကြောင်း) သတင်းစကား မပြောတော့ပဲ ကိုယ်တိုင်ပဲထိန်းသိမ်းပါတယ်။
ဒါပေမယ့် နောက် အဲဒါနဲ့ပတ်သက်လို့ သိလာတဲ့ အခါ သူမဟာ နောက်တစ်ကြိမ် ကိုယ်ဝန်ပျက်ကျမှု တစ်ခု ဖြစ်ပြန်ပါတယ်။
နောက်ဆုံးတော့ မယားငယ်ဟာ မီးမဖွားနိုင်ပဲ သေဆုံးခဲ့တယ်။
သူမ မသေဆုံးမီ ကံမကောင်းသော အမျိုးသမီးကို အမုန်းပွားပြီး အမြုံမနဲ့ အမြုံမရဲ့ နောက်ဘဝ သားသမီးများကို လက်တုံ့ပြန်ဖို့ အဓိဋ္ဌာန်ပြုပါတယ်။
ဒီကနေ ရန်စဟာ စတင်ခဲ့ပါတယ်။
သူတို့ရဲ့ နောက်ဘဝကာလများမှာ နှစ်ယောက်စလုံး ကြက်မတစ်ကောင် ကြောင်တစ်ကောင် သမင်တစ်ကောင် ကျားသစ်တစ်ကောင် နဲ့ နောက်ဆုံး သာဝတ္ထိမြို့မှာ မြင့်မြတ်သူရဲ့ သမီးတစ်ယောက် ဘီလူးမတစ်ယောက် အဖြစ် ပြန်လည်မွေးဖွားကြတယ်။
တစ်နေ့ ဘီလူးမ (ကာဠယက္ခိနီ) က မြင့်မြတ်သူရဲ့ သမီးနဲ့ သူမရဲ့ကလေးကို အပူတပြင်း လိုက်ရှာပါတယ်။
ဗုဒ္ဓဇေတဝန်ကျောင်းမှာ တရားဟောနေတယ် လို့ အမျိုးသမီးက ကြားသိတဲ့အခါ သူမဟာ ဗုဒ္ဓအထံ ထွက်ပြေးပြီး ကာကွယ်ဖို့အတွက် ဗုဒ္ဓရဲ့ခြေရင်းမှာ သူမရဲ့သားကို ချထားလိုက်ပါတယ်။
ဒီလိုပြုလုပ်လိုက်ခြင်းကြောင့် ဘီလူးမကို ကျောင်းအဝင်ဝမှာ တားဆီးခံရပါတယ်။
နောက်တော့ သူမကို အထဲဝင်ဖို့ ခေါ်လိုက်ပြီး အမျိုးသမီးနဲ့ ဘီလူးမကို ဗုဒ္ဓက တရားဟော ဆုံးမပါတယ်။
မယားပြိုင်ဖြစ်တဲ့ သူတို့ရဲ့အတိတ်ဘဝ နဲ့ တစ်ဦးကို တစ်ဦး အပြန်ပြန်အလှန်လှန် အမုန်းအာဃာတ ထားကြ ပြီး ဘဝများစွာ တစ်လျှောက်လုံး တစ်ဦးရဲ့ကလေးကို တစ်ဦးက သတ်ဖြတ်ပုံ တို့နဲ့ပတ်သက်လို့ ဗုဒ္ဓက သူတို့ကို မိန့်ကြားပါတယ်။
အမုန်းတရားဟာ အမုန်းတရားကို ပိုမိုတိုးပွားခြင်း အကြောင်းဖြစ်ပြီး အဲဒါကို မိတ်ဆွေဖြစ်ခြင်း၊
နားလည်ခြင်း နဲ့ ကောင်းတာကိုပြုလုပ်ခြင်း ဖြင့် ရပ်စဲနိုင်တယ် ဆိုတာကို သူတို့ကို နားလည်စေပါတယ်။ သူတို့ဟာ သူတို့ရဲ့ အမှားကို နားလည်ပြီး ဗုဒ္ဓက ဆုံးမခြင်းကြောင့် သူတို့နှစ်ဦး ငြိမ်းချမ်းမှု ရရှိသွားပါတယ်။
နောက် ဗုဒ္ဓက ကလေးငယ်ကို ဘီလူးမအထံ လက်လွှဲပြောင်းပေးဖို့ အမျိုးသမီးကို တောင်းဆိုပါတယ်။
သူမရဲ့ သား လုံခြုံမှုအတွက် ကြောက်ခြင်းကြောင့် သူမဟာ တုံ့ဆိုင်းနေပါတယ်။ ဒါပေမယ့် ဗုဒ္ဓကို စေတနာ နဲ့ ယုံကြည်မှု ရှိတာကြောင့် သူမဟာ တိုက်ရိုက် သူမရဲ့သားကို လက်လွှဲပြောင်းပေးလိုက်
ပါတယ်။
ဘီလူးမက ကလေးငယ်ကို နွေးနွေးထွေးထွေးလက်ခံပါတယ်။
သူမရဲ့ သားကဲ့သို့ ကြင်နာစွာ ထွေးပိုက်ပြီး နမ်းကာ ကလေးရဲ့မိခင်အထံ ပြန်ပေးလိုက်ပါတယ်။
ဒီဖြစ်စဉ်ရဲ့ ရလာဒ်အဖြစ် နှစ်ဦးစလုံး ကောင်းမှုများစွာ ရရှိခဲ့ပါတယ်။

Author Box
Hi, We are templateify, we create best and free blogger templates for you all i hope you will like this lightly template we have put lot of effort on this template, Cheers, Follow us on: Facebook & Twitter
0 comments:
Post a Comment